တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီ တိုက်ခတ်ရာ အဆောက်အဦ အများအပြား ပျက်စီး

၂၇ ဩဂုတ်

 

 

တောင်ကိုရီးယားနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဘာဗီ တိုက်ခတ်မှုကြောင့် အဆောက်အဦ အများအပြား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

 

ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုသတင်း ရရှိခြင်း မရှိသေးပေ။

 

 

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ယနေ့မနက် ၉ နာရီတွင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်း၏ အနောက်မြောက်ဘက် ၅၀ ကီလိုမီတာ အကွာခန့်တွင် တစ်နာရီလျှင် ၄၆ ကီလိုမီတာနှုန်းဖြင့် ပင်လယ်ဝါကိုဖြတ်ကျော်ကာ မြောက်ဘက်သို့ ရွေ့လျားနေသည်ဟု တောင်ကိုရီးယား မိုးလေဝသ တာဝန်ရှိသူများက ဆိုသည်။

 

 

ယခုအချိန်အထိ အဆောက်အဦများ၊ တိုင်များနှင့် လမ်းမီးတိုင်များ အပါအဝင် ၁၁၁ လုံး ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားသည်။

 

 

ယခုလအစောပိုင်းက  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် ဂျိုလာပြည်နယ် တောင်ပိုင်းတွင် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူ ၂၉ ဦး၏ နေအိမ်များကို ဘေးကင်းရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့သည်။

 

 

မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက ယမန်နေ့ညပိုင်းနှင့် ယနေ့မနက်တို့တွင် ပြည်သူများအတွက် မုန်တိုင်းသတိပေးချက်များ ထုတ်လွှင့်ခဲ့သည်။

 

 

နိုင်ငံအနောက်တောင်ပိုင်း စိုက်ပျိုးရေး လုပ်ကိုင်ရာ ဒေသဖြစ်သော ဟွမ်ဟီပြည်နယ်တောင်ပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေပုံကို ထိုရုပ်သံလွှင့်ဌာနက ထုတ်လွှင့်သော ဗွီဒီယိုဖိုင်တွင် ပြသထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို