တောင်ကုတ်မြို့ မုန်တိုင်းရှောင်စခန်း ခြောက်ခုမှ ပြည်သူ ၅၀၃ ဦး နေရပ်သို့ပြန်

နေပြည်တော် မေ ၁၆

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မုန်တိုင်းရှောင်စခန်း ခြောက်ခုတွင် လာရောက်နေထိုင်ခဲ့ကြသည့် ပြည်သူ ၅၀၃ ဦးကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ၎င်းတို့နေထိုင်သည့် ကျေးရွာများသို့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကား၊ စက်လှေ၊ မော်တော်ဘုတ်တို့ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယင်းနေ့ညနေပိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိသွားကြပြီဖြစ်ကြောင်း သိရသည်။