တောင်ကုတ်မြို့နယ်တွင် ရခိုင်ရိုးရာ အစဉ်အလာမပျက် နံ့သာသွေးပြိုင်ပွဲ ကျင်းပ

တောင်ကုတ် ၁၂ ဧပြီ

 

တောင်ကုတ်မြို့မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူး၍ ရခိုင်ရိုးရာအစဉ်အလာမပျက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ယနေ့ ညနေ ၄ နာရီက တောင်ကုတ်မြို့ကျက်သရေဆောင် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

 

အဆိုပါ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲသို့ မဟာသင်္ကြန်ဖြစ်မြောက်ရေး ကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရခိုင်စည်တော်အဖွဲ့နှင့် အထကကျောင်းများနှင့်ရပ်ကွက်များမှ နံ့သာသွေးပြိုင်ပွဲဝင်မည့်် လှပျိုဖြူ အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

နံ့သာသွေးပြိုင်ပွဲမှ ရရှိလာသော နံသာများအားစုပေါင်း၍ ဧပြီ  ၁၃ ရက်နေ့နံနက် ၈ နာရီတွင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းသို့သွားရောက်ကာ ရေသပ္ပါယ်၍ ကုသိုလ်ကာကုသိုလ်ဘာဝနာ ပွားကြမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn