တောင်ငူမြို့၌ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

တောင်ငူ    ဖေဖော်ဝါရီ ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် (၅:၃၀) နာရီအချိန်က မိုင်ဒါကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ဆက်လက်၍ နံနက် (၇)နာရီအချိန်တွင် ကေတုရတနာခန်းမ၌ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကို ကျင်းပရာ  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇)နှစ်မြောက် ပြည်ထောင်စုနေ့  သဝဏ်လွှာအား ဖတ်ကြားသည်။

 

ထို့နောက် (၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဇော်ကိုကို (တောင်ငူ)