တောင်ငူနှင့် မရမ်းကုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကျုံးပတ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စည်သူလင်းကို  စစ်ဆေးရှာဖွေရာ ၎င်းထံမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ညီညီထွန်းကို  စစ်ဆေးရှာဖွေရာ ၎င်းထံမှ  စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်