တောင်သာမြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များဝတ်စုံပြည့်လေ့ကျင့်

တောင်သာ ၁၂ ဧပြီ

 

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တောင်သာမြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေတင်ဆက်ကြမည့် ရပ်ကွက်၊ကျေးရွာ ယိမ်းအကအဖွဲ့ဝင်များ၏ ဝတ်စုံပြည့် ကပြလေ့ကျင့်မှုကို ယနေ့ ညနေ(၄)နာရီခွဲက မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဝတ်စုံပြည့် ကပြလေ့ကျင့်လျက်ရှိကြသော ရပ်ကွက် ကျေးရွာယိမ်းအကအဖွဲ့ဝင် လှပျိုဖြူများသည် မြန်မာ့ဆိုင်းအဖွဲ့ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အမှတ်(၃)ယိမ်းအဖွဲ့၊ အမှတ်(၅)ယိမ်းအဖွဲ့၊ သုံးနားညီကိုယ်ပိုင်အထက်တန်းကျောင်းယိမ်းအဖွဲ့၊ IOM တွဲလက်စက်ချုပ်သင်တန်းသူများယိမ်းအဖွဲ့(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊  IOM တွဲလက်စက်ချုပ်သင်တန်းသူများယိမ်းအဖွဲ့(၂)၊ သက်တန့်ရောင်စဉ် ကိုယ်ပိုင်အထက်တန်းကျောင်းယိမ်းအဖွဲ့၊ အမှတ်(၄)ရပ်ကွက်ကိုယ်စားပြုယိမ်းအဖွဲ့၊ ကျော် ကိုယ်ပိုင်အထက်တန်းကျောင်းယိမ်းအဖွဲ့၊ နဘဲကန်ကျေးရွာကိုယ်စားပြုယိမ်းအဖွဲ့၊ အုန်းကျင်းကျေးရွာယိမ်းအဖွဲ့နှင့် အမှတ်(၆)ရပ်ကွက်ကိုယ်စားပြုယိမ်းအဖွဲ့ တို့ဖြစ်ပြီး သင်္ကြန်ရက်များတွင် အစီအစဉ်အတိုင်းဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

‌ကျော်မျိုးနိုင်(တောင်သာ)