တောင်သူကြီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် လိုအပ်ချက်ဖြည့်ဆည်းပေးမည့်  စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ မြစိမ်းရောင်စီမံကိန်း(MSY)

ခန့်ဇော်(ကျေးလက်)

 

စာရေးသူအနေဖြင့်    မြစိမ်းရောင် စီမံကိန်းနဲ့ပတ်သက်တဲ့   ဆောင်းပါး လေးပုဒ်ကို      နိုင်ငံပိုင် သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ပြီး       စာရေးသူရဲ့ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင်းပါး စုစည်းမှု” စာအုပ်မှာလည်း  ထည့်သွင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့်     ကမ္ဘာ့နိုင်ငံ အသီးသီးဟာ   စီးပွားရေးထိခိုက်မှုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီထဲမှာ  မြန်မာနိုင်ငံလည်း  အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်    နိုင်ငံတော်အစိုးရအနေနဲ့  အမျိုးသားသဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀ဝ ကို  စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေ    ဆောင်ရွက် နိုင်ဖို့အတွက်  နိုင်ငံ့စီးပွားမြှင့်တင်ရေး သီးသန့်ရန်ပုံငွေတစ်ရပ်   ထူထောင်ပြီး ၁၂-၈-၂၀၂၂ ရက်နေ့မှာ    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့်  ပြည်နယ်/  တိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊  ပလောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသနဲ့   “ဝ”   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေကို   ရန်ပုံငွေကျပ်ဘီလီယံ ၃၃၀  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရပါတယ်။

 

အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ပေး

မြန်မာနိုင်ငံအနေနဲ့    Myanmar Economic  Recovery  Plan  (MERP)၊ Covid-19 Economic   Recovery Plan (CERP)    အစီအစဉ်တွေ    ရေးဆွဲပြီး ထိခိုက်မှုတွေ လျော့ပါးသက်သာအောင် ဆောင်ရွက်လျက်ရှိပါတယ်။     CERP အစီအစဉ်အရ    ၂၀၂၀   ပြည့်နှစ်မှာ အသေးစားနဲ့   အလတ်စားစီးပွားရေး (SME) လုပ်ငန်းတွေကို  သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ  ထုတ်ပေးခဲ့ သလို ဆက်လက်ထုတ်ပေးလျက်လည်း ရှိပါတယ်။  ဒါ့အပြင် Cash for Work (CfW) စီမံကိန်း၊ Village Revolving Fund Project (VERP)စီမံကိန်းတွေကို လည်း ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ    အကျိုးပြုနိုင်ခဲ့ပါတယ်။ Cash for Work(CfW) စီမံကိန်းကတော့ ကျေးရွာကုန် ထုတ်လုပ်မှုနဲ့     အခြေခံ အဆောက်အအုံ    ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို လုပ်သားအင်အားအသုံးပြုရတဲ့  Labour Intensive နည်းလမ်းနဲ့ ကျေးရွာ လူထုကိုယ်တိုင်  အကောင်အထည်ဖော် ဆောင်ရွက်စေတာဖြစ်ပြီး      Village Revolving   Fund   Project(VERP) ကတော့ မြစိမ်းရောင်ကျေးရွာစီမံကိန်း လိုပဲ    ကျေးလက်နေ   လုပ်ကွက်ငယ် တောင်သူတွေ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ် ရောင်းချသူတွေ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူတွေ    စီးပွားရေးလုပ်ငန်း တွေ    ပြန်လည်စတင်နိုင်ဖို့နဲ့    တိုးချဲ့ ဆောင်ရွက်နိုင်ဖို့အတွက်      အရင်း မပျောက်လည်ပတ်ရန်ပုံငွေ     (မတည် ရန်ပုံငွေ) ထူထောင်ပေးတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဟာ    စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့  နိုင်ငံဖြစ်တဲ့ အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ  ဖွံ့ဖြိုးရေးဟာ      နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်   အခြေခံအကျဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်။   စိုက်ပျိုး မွေးမြူရေးတောင်သူတွေရဲ့    အဓိက လိုအပ်ချက်မှာ    မျိုး၊    သွင်းအားစု၊ နည်းပညာနဲ့ ဈေးကွက်တို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့     ဖြစ်စဉ်တွေကြောင့် သွင်းအားစုတွေ      ဈေးကြီးလာတာ၊ ကုန်ပစ္စည်းတွေ      သယ်ယူပို့ဆောင်ရေး အတွက်   အဓိကအရေးပါတဲ့စက်သုံး ဆီဈေးကြီးမြင့်လာတာတွေဟာလည်း တောင်သူတွေအတွက်       ကြီးမားတဲ့ ထိုးနှက်ချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်  သွင်းအားစုမသုံးနိုင်၊  သွင်းအားစုမသုံး တော့   အထွက်နှုန်းကျ၊   အထွက်နှုန်း ကျတော့  ပြည်ပတင်ပို့မှုကျ…  ဒီလိုနဲ့ နိုင်ငံ့စီးပွားရေး၊ တောင်သူ့စီးပွားရေးကို ထိခိုက်လာစေမှာဖြစ်ပါတယ်။

 

ယူရီးယားဓာတ်မြေဩဇာ ကျပ် ၈၆၀ဝ၀ ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့တာဝန်ပေးချက်အရ သမဝါယမနှင့်  ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက   ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ကို  ဖွဲ့စည်းကာ   မြန်မာနိုင်ငံ  မြေဩဇာ၊ မျိုးစေ့နှင့်   စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များ          အသင်းဝင်ကုမ္ပဏီတွေနဲ့ Consortium    ဖွဲ့စည်းပြီး  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မိုးစပါးရာသီအမီ        ဓာတ်မြေဩဇာ သွင်းအားစု ကို    သက်သာတဲ့နှုန်းနဲ့ အချိန်မီတင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။  ယူရီးယား ဓာတ်မြေဩဇာတန် ၈၀၃၇၀ ၊  ကွန်ပေါင်း ဓာတ်မြေဩဇာ(Compund) ၃၀၁၂၄ တန်တင် သွင်းနိုင်ခဲ့ပြီး ယခင် တစ်အိတ် လျှင်  ငွေကျပ်   တစ်သိန်းကျော်ပေးရတဲ့ ယူရီးယားဓာတ်မြေဩဇာကို  ရန်ကုန် အထိုင်ဈေး  ကျပ် ၈၆၀ဝ၀ ဖြင့် ဖြန့်ဖြူး ပေးနိုင်ခဲ့ပါတယ်။

 

စားသုံးဆီဖူလုံရေးစီမံချက်ကိုရေးဆွဲခဲ့

ထိုနည်းတူ စားသုံးဆီဖူလုံရေး  စီမံ ချက်ကို ရေးဆွဲခဲ့ပြီး မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ကို စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဆီထွက်သီးနှံ “နေကြာ”  တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် နေကြာမျိုးစေ့ထုတ်လုပ်တာ၊ အရည်အသွေးစစ်ဆေးတာနဲ့  နှုန်းထားသတ်မှတ်တာ၊  စိုက်ပျိုးဧရိယာရွေးချယ်တာတွေကို   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     စိုက်ပျိုးရေး ဦးစီးဌာနက    တာဝန်ယူဆောင်ရွက်ပြီး   စိုက်ပျိုးမယ့် တောင်သူရွေးချယ်တာကို စိုက်ပျိုးရေးဦးစီးဌာနနဲ့   ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ  မျိုးစေ့ဖြန့်ဖြူး တာကို         မျိုးစေ့သမအသင်းတွေက ဆောင်ရွက်ပြီး      မြစိမ်းရောင်ချေးငွေ ထုတ်ချေးတာကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပါတယ်။ မျိုးစေ့ထုတ်လုပ်ဖို့ လိုအပ်တဲ့         သွင်းအားစုတွေ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရအဖွဲ့တွေက  ပူးပေါင်းဆောင်ရွက် ပေးပါတယ်။

 

Solar Pumping စနစ်နဲ့  ပေါင်းစပ်ဆောင်ရွက်

ထွက်ရှိလာတဲ့မျိုးတွေကို လာမယ့် ဆောင်းရာသီမှာ နေကြာပြန်လည် စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် မျိုးဝယ်ယူနိုင်ရေးနဲ့ သွင်းအားစုအတွက် ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်း (ဆီထွက် သီးနှံ)က ကျေးရွာ ၄၅၇ ရွာမှာ မတည် ရန်ပုံငွေကျပ်  သန်း  ၆၉၆၀ နဲ့ ကူညီ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာ လည်း  ဆောင်ရွက်ပေး လျက်ရှိပါတယ်။  ဒါ့အပြင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထုတ်လုပ်မယ့်ဒေသတွေမှာ  ရေလိုအပ် ချက်ရှိပါက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း ပြီး အသေးစားရေရရှိရေးလုပ်ငန်းတွေကို Solar Pumping    စနစ်နဲ့  ပေါင်းစပ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။  လက်ရှိ မှာ မကွေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ရှစ်မြို့နယ်၊  ကျေးရွာကိုးရွာတွင် ဆိုလာစနစ်သုံး    စိုက်ပျိုးရေရရှိရေး လုပ်ငန်း  ၁၅ ခုကို ရန်ပုံငွေကျပ်  ၁၃၈ ဒသမ ၇၂၈  သန်းဖြင့်  ပူးပေါင်းဆောင်ရွက် နေပါတယ်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဟာ      လက်ရှိအချိန်အထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက် သီးနှံ)အပါအဝင်    မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ကျေးရွာပေါင်း ၁၂၃၇၃  ရွာ အတွက် ရန်ပုံငွေကျပ် ၃၅၄ ဒသမ ၆၄ ဘီလီယံနဲ့    ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၄၅၆၅ ရွာကို   အကျိုးပြုလျက် ရှိပါတယ်။

 

၁၂-၈-၂၀၂၂    ရက်နေ့မှာတော့ ပြည်နယ်/  တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသ ဦးစီးအဖွဲ့တွေရဲ့စီမံခန့်ခွဲမှုနဲ့   စိုက်ပျိုး မွေးမြူရေး     မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်က  “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ”အနက်မှ ငွေကျပ် ၁၀ဝ ဘီလီယံ ထောက်ပံ့ပေးခဲ့ပါတယ်။

 

စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းတွေနဲ့သမဝါယမလုပ်ငန်းတွေ      ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်စေဖို့၊    မိသားစုဝင်ငွေ တိုးပွားလာစေဖို့၊     ဘဏ္ဍာငွေအရင်း အမြစ်   စဉ်ဆက်မပြတ်ရရှိပြီး   အရင်း မပျောက်  လည်ပတ်ရန်ပုံငွေ  ထူထောင် နိုင်ဖို့၊    တိုးပွားလာတဲ့ရန်ပုံငွေ‌တွေနဲ့ ကျေးရွာအတွက်   အမှန်တကယ် လိုအပ်တဲ့ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို       ကျေးရွာက ကိုယ်တိုင်     အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့၊       ဒေသတွင်း   စားနပ်ရိက္ခာဖူလုံပိုလျှံစေဖို့နဲ့     ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို    အထောက် အကူပြုစေဖို့     စတဲ့ရည်မှန်းချက်တွေနဲ့  စိုက်ပျိုး မွေးမြူရေး      မြစိမ်းရောင်စီမံကိန်းကို      အကောင်အထည်ဖော် ဆောင်ရွက်စေတာ       ဖြစ်ပါတယ်။ ဆောင်ရွက်မယ့်      ဒေသတွေအလိုက် ရန်ပုံငွေလျာထားချက်အနေနဲ့

 

(က)     ကယားပြည်နယ်၊    ချင်း ပြည်နယ်၊     ရခိုင်ပြည်နယ် တို့ကို    ပြည်နယ်တစ်ခုကို  ငွေကျပ်  ၁၀ ဘီလီယံနှုန်းနဲ့  သုံးပြည်နယ်အတွက် ငွေကျပ် ၃၀ ဘီလီယံ၊

 

(ခ)       ကချင်ပြည်နယ်၊       ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်း ပြည်နယ်၊  တနင်္သာရီတိုင်း ဒေသကြီးတို့ကို  ပြည်နယ် တစ်ခုကို  ငွေကျပ် ရှစ်ဘီလီယံ နှုန်းနဲ့     လေးပြည်နယ်နဲ့ တိုင်းဒေသကြီး    တစ်ခုတို့ အတွက် ငွေကျပ် ၄၀ ဘီလီယံ၊

 

( ဂ)      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်း/ဒေသ ခြောက်ခုကို   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/    ဒေသ တစ်ခုကို ငွေကျပ် ငါးဘီလီယံ နှုန်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ခြောက်ခုအတွက် ငွေကျပ်  ၃၀ ဘီလီယံဖြစ်ပြီး စုစုပေါင်း   ငွေကျပ်    ၁၀ဝ  ဘီလီယံဖြစ်ပါတယ်။

 

စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ

စီမံကိန်းကျေးရွာတွေ   ရွေးချယ်ရာ မှာ အောက်ဖော်ပြပါအချက်တွေအပေါ် အခြေခံပြီး ပွင့်လင်းမြင်သာမှုရှိစွာ စိစစ် ရွေးချယ်ရမှာဖြစ်ပါတယ်-

(က)     စိုက်ပျိုးရေး၊   မွေးမြူရေးနဲ့ သမဝါယမလုပ်ငန်းတွေ  ဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိမှု၊

 

( ခ)      တရားဥပဒေစိုးမိုးမှု၊

 

( ဂ)      ကျေးရွာသူ/ကျေးရွာသားတွေ၊ သမဝါယမအသင်းသားတွေရဲ့ စိတ်အားထက်သန်မှု၊ စည်းလုံး ညီညွတ်မှု၊     (ကျေးရွာများမှ စီမံကိန်းဆောင်ရွက်ရန် လိုလား စွာ တင်ပြတောင်းဆိုမှု)၊

 

(ဃ)     လမ်းပန်း    ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနဲ့ နယ်မြေ လုံခြုံတည်ငြိမ်အေးချမ်းမှု၊

 

(င)       အခြား         ဦးစီးဌာနတွေက လုပ်ဆောင်နေတဲ့  မြစိမ်းရောင် စီမံကိန်းတွေနဲ့ ထပ်မနေရ။

 

စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင် စီမံကိန်းကို   ကယားပြည်နယ်၊   ချင်း ပြည်နယ်၊    ရခိုင်ပြည်နယ်၊   ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်/  ပလောင်/  ပအို‘ဝ်း’/  ဓနု/   နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေရှိ  သက်ဆိုင်ရာ ပြည်နယ်/       တိုင်းဒေသကြီးအစိုးရ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  ဒေသဦးစီး အဖွဲ့တွေက     သတ်မှတ်စံနှုန်းနဲ့အညီ ရွေးချယ်တဲ့ စီမံကိန်းကျေးရွာတွေမှာဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အတိုးနှုန်းနှင့်  အတိုးနှုန်းကောက်ခံရန် ကာလသတ်မှတ်ခြင်း

မြစိမ်းရောင်     မတည်ရန်ပုံငွေက ကျေးရွာသား     ကျေးရွာသူတွေ၊ သမဝါယမ အသင်းသားတွေကို    ချေးငွေ ထုတ်ချေးပေးရာမှာ      အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက်    တစ်လလျှင် ပြား ၅၀  နှုန်းမှ ၁ ကျပ်ပြား ၅၀ နှုန်း အတွင်း ကျေးရွာမြစိမ်းရောင်စီမံကိန်း      ကြီးကြပ်မှု    ကော်မတီ(သို့မဟုတ်) သမဝါယမအသင်းက  အများသဘောတူ  အစည်းအဝေး ဆုံးဖြတ်ချက်နဲ့သတ်မှတ် ပေးနိုင်ပြီး   အတိုးကောက်ခံတာကို    ခြောက်လတစ်ကြိမ်  သတ်မှတ်ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

 

ချေးငွေသက်တမ်းကာလ

ချေးငွေ    သက်တမ်းကာလကို အောက်ပါအတိုင်း  သတ်မှတ်သွားဖို့စီစဉ် ထားရှိပါတယ်-

(က)     နှစ်ရှည်သီးနှံ     စိုက်ပျိုးရေး လုပ်ငန်း     (ဥပမာ-ကော်ဖီ၊   လက်ဖက် စသည်)   အတွက်    ချေးငွေသက်တမ်း   သုံးနှစ်၊    ရာသီပေါ်  သီးနှံတွေအတွက် ချေးငွေသက်တမ်း တစ်နှစ်၊

 

(ခ)       မွေးမြူရေးလုပ်ငန်း     (အသား ကဏ္ဍ)မှာ     ကျွဲ/      နွား/ နွားနောက်/   မြင်းတို့အတွက် ချေးငွေသက်တမ်း   သုံးနှစ်၊ ဝက်/ သိုး/ ဆိတ်/ ကြက်/ ဘဲတို့အတွက်             ချေးငွေ သက်တမ်း  တစ်နှစ်၊

 

(ဂ)       ငါးလုပ်ငန်းအတွက်  ချေးငွေ သက်တမ်းတစ်နှစ်၊

 

(ဃ)     သမဝါယမ      အသင်းက ဆောင်ရွက်မယ့်   ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင် မှု    သမဝါယမလုပ်ငန်းတွေအတွက်   ချေးငွေသက်တမ်း တစ်နှစ်ဖြစ်ပြီး ချေးငွေပေးဆပ် ကာလ သုံးနှစ်အထိ ခွင့်ပြုပေးထားတဲ့     စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အနေနဲ့တော့ ချေးငွေစာချုပ်ကို       နှစ်စဉ် သက်တမ်းတိုး  ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

ချေးငွေဖြင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ

ကျေးလက်အိမ်ထောင်စုတွေ၊  သမ ဝါယမအသင်းသားတွေအနေနဲ့  အရင်းမပျောက်လည်ပတ် ရန်ပုံငွေကို  ရယူပြီး စိုက်ပျိုးရေး၊  မွေးမြူရေး၊  ငါးလုပ်ငန်း၊ သမဝါယမအသင်းနဲ့    ဆောင်ရွက်တဲ့  စီးပွားမြင့်မားရေးလုပ်ငန်းစတဲ့ လုပ်ငန်းတွေကို  ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်း     ဆောင်ရွက်မယ်ဆိုရင် ချေးငွေကို    နှစ်ရှည်သီးနှံ/ ရာသီပေါ်သီးနှံ    စိုက်ပျိုးရေး လုပ်ငန်းအပြင်  ကုန်ချောထုတ်လုပ်မှုလုပ်ငန်း တွေမှာ       အထောက်အကူရရှိစေဖို့ ဆောင်ရွက် လိုပါကလည်း  ဆောင်ရွက် နိုင်ပါတယ်။     မွေးမြူရေး (အသားကဏ္ဍ)ဆိုပါက ချေးငွေရဲ့   ၇၀  ရာခိုင်နှုန်းကို        တိရစ္ဆာန်မွေးမြူရေး  လုပ်ငန်းအတွက် ဆောင်ရွက်ပြီး ကျန်  ၃၀ ရာခိုင်နှုန်းကို  စိုက်ပျိုးရေးလုပ်ငန်း၊  ငါးလုပ်ငန်းတွေ        ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ပါတယ်။     မွေးမြူရေး   (ငါးကဏ္ဍ)    ဆောင်ရွက်မယ် ဆိုရင်  ချေးငွေရဲ့  ၆၀  ရာခိုင်နှုန်းကို ငါးလုပ်ငန်း အတွက်    ဆောင်ရွက်ပြီး  ကျန်  ၄၀  ရာခိုင်နှုန်းကို   စိုက်ပျိုးရေး လုပ်ငန်း၊  တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်လိုပါက ဆောင်ရွက် နိုင်ပါတယ်။    သမဝါယမလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်မယ်ဆိုရင်လည်း  ချေးငွေကို   တစ်နှစ်ထုတ်ချေး ပေးပြီး  ကုန်ထုတ်လုပ်မှု၊  ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ     အထောက် အကူဖြစ်စေဖို့  ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိဖွဲ့စည်းပြီး   သမဝါယမအသင်း တွေနဲ့     ထပ်မံတိုးချဲ့ဖွဲ့စည်းမယ့်   သမဝါယမအသင်းတွေ  အတွက်လည်း    ဆောင်ရွက်နိုင်ပါတယ်။    ကျေးရွာရှိ   ဖြစ်နိုင်ခြေရှိတဲ့   စိုက်ပျိုးမွေးမြူရေး   အရင်းအမြစ်တွေအပေါ်    အခြေခံပြီး     လက်တွေ့ကျကျ   ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

 

တာဝန်ယူဆောင်ရွက်မည့် အခန်းကဏ္ဍ

ယခုဆက်လက်ပြီး ချေးငွေလိုအပ် နေသေးတဲ့ဒေသတွေ၊   ကျေးရွာတွေနဲ့ စိုက်ပျိုးရေး    အဓိကဆောင်ရွက်မယ့် ရွာတွေမှာ     သီးနှံအခြေပြုစိုက်ပျိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့  စိုက်ပျိုး ရေးဦးစီးဌာနကလည်းကောင်း၊  မွေးမြူ ရေး  အဓိကဖြစ်ထွန်းမယ့်ဒေသတွေမှာ မွေးမြူရေးလုပ်ငန်း      ဆောင်ရွက်ဖို့ မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာနက လည်းကောင်း၊ ငါးလုပ်ငန်းဖြစ်ထွန်းမယ့် ဒေသတွေမှာ ငါးလုပ်ငန်းတွေဆောင်ရွက်ဖို့ ငါးလုပ်ငန်းဦးစီး ဌာနကလည်းကောင်း၊    စိုက်ပျိုးမွေးမြူရေးဆိုင်ရာ    ကုန်ထုတ် လုပ်မှု၊    ကုန်သွယ်မှုနဲ့  ဝန်ဆောင်မှု လုပ်ငန်းတွေ   ဖြစ်နိုင်ခြေရှိတဲ့  ဒေသတွေမှာ      သမဝါယမအစုအဖွဲ့စနစ်နဲ့ သမဝါယမဦးစီးဌာနက    လည်းကောင်း   တာဝန်ယူဆောင်ရွက်သွားမှာ  ဖြစ်ပါ တယ်။  အဲဒီလိုဆောင်ရွက်နိုင်ဖို့  စီမံကိန်း Design   ရေးဆွဲတာနဲ့  နည်းပညာပံ့ပိုး တာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနဲ့  သက်ဆိုင်ရာဦးစီးဌာန တွေ ပူးပေါင်းရေးဆွဲ     ဆောင်ရွက်သွားမှာ ဖြစ်ပြီး   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမ နှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့က ကြီးကြပ်မှာဖြစ်ပါတယ်။

 

စီမံကိန်းကျေးရွာ    ရွေးချယ်တာ၊ အနီးကပ်  ကြီးကြပ်ကွပ်ကဲတာတွေကို သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့တွေက ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါ  တယ်။

 

ဒီမှာလည်း   ဖြစ်လာနိုင်တဲ့   Risk တွေကို    ကြိုတင်စဉ်းစားဆောင်ရွက် ကြရပါမယ်။    တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေ၊   အမှန်တကယ်အကောင် အထည်ဖော်နိုင်မယ့်   ကျေးရွာတွေကို စိစစ်ရွေးချယ်ဖို့  လိုပါတယ်။  အမှန် တကယ်  ကြီးကြပ်နိုင်ဖို့   လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့စရိတ်တွေကို စီမံချက် မှာ ပါဝင်အောင်ရေးဆွဲဖို့နဲ့ စနစ်တကျ သုံးစွဲဖို့လည်း လိုအပ်ပါတယ်။  တကယ် လုပ်မယ့်တောင်သူ၊ အစုအဖွဲ့တွေကိုသာ ဦးစားပေး   ဆောင်ရွက်သင့်ပါတယ်။ အလုပ်မလုပ်တဲ့သူတွေကို   ရွေးမိရင် မအောင်မြင်နိုင်ပါ။      အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ၊  အမှန်တကယ် ဆောင်ရွက်မယ့်       ကော်မတီဝင်တွေ၊  အမှန်တကယ်ဆောင်ရွက်မယ့်     သမ ဝါယမ    အသင်းအမှုဆောင်တွေကို ရွေးချယ်ဆောင်ရွက်ဖို့       လိုပါတယ်။   စီမံကိန်းကြီးကြပ်မယ့်       ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင် ရေးဟာ အရေးကြီးပါတယ်။

 

ဝန်ထမ်းတွေ  ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားမှုကို     ဦးစွာစုဖွဲ့ လေ့ကျင့်ပြီးမှ ပြည်နယ်/ တိုင်းအလိုက်၊ ခရိုင်အလိုက်၊ မြို့နယ်အလိုက်   Pilot တစ်ရွာချင်းစီလုပ်ပြီးမှ   Scale    Up   တိုးချဲ့ဆောင်ရွက်တဲ့    နည်းလမ်းကို  သုံးသင့်ပါတယ်။   အထောက်အပံ့ပေး နိုင်မယ့်ဌာနတွေက   ဘက်ပေါင်းစုံက ကူညီပံ့ပိုးနိုင်ရေးကိုလည်း  သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ     ကြိုတင်စီမံသင့် ပါတယ်။     စောင့်ကြည့်စစ်ဆေးရေး အတွက်  Monitoring  &  Evaluation (M&E) စနစ်  အရေးကြီးပါတယ်။    ပုံမှန် ကြီးကြပ်စစ်ဆေးနေဖို့ လိုအပ်ပါတယ်။     နှစ်စဉ်သုံးသပ်ပြီး   လိုအပ်ချက်တွေကို ပြုပြင်ဆောင်ရွက်ဖို့   လိုအပ်ပါတယ်။ မြစိမ်းရောင်စီမံကိန်းမှာ ဌာနနဲ့ ကျေးရွာ တွေ   မပြတ်ထိတွေ့နေမှ   နည်းပညာပံ့ပိုးမှု၊    ကြီးကြပ်ပံ့ပိုးမှု   အပြည့်ရပြီး    စီမံကိန်းအောင်မြင်မှာဖြစ်လို့   တရား ဥပဒေစိုးမိုးရေးနဲ့  သက်ဆိုင်ရာအစိုးရ အဖွဲ့တွေရဲ့   ကြီးကြပ်မှုနဲ့    ပံ့ပိုးမှုဟာ     အလွန်အရေးကြီးကြောင်း  အကြံပြု တင်ပြအပ်ပါတယ်။

 

မြစိမ်းရောင်ကျေးရွာ   စီမံကိန်းက နိုင်ငံတော်က ထောက်ပံ့တဲ့ မတည်ရင်းနှီး ငွေကို    ကျေးရွာသို့   အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် မတည်ပေးပြီး  ကျေးရွာလုပ်ငန်းအဖွဲ့ရဲ့    တိုက်ရိုက်စီမံ ခန့်ခွဲမှုနဲ့ အိမ်ထောင်စုတွေကို ချေးငွေ ထုတ်ချေးတာဖြစ်လို့    ကျေးရွာလူထု အနေနဲ့ မိမိတို့ဆောင်ရွက်လိုတဲ့ စိုက်ပျိုး မွေးမြူရေးအပါအဝင်    မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်း တွေကို   ကိုယ်တိုင်လုပ်ကိုင်     လည်ပတ်ဆောင်ရွက်နိုင်ပါ တယ်။ အကျိုးဆက်အနေနဲ့  သွင်းအားစု အရောင်းဆိုင်တွေ၊     ကုန်စည်ဒိုင်တွေ၊ လက်လီ၊  လက်ကားအရောင်းဆိုင်တွေ၊ ကုန်ထုတ်လုပ်သူတွေဟာ    မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို    လည်ပတ် ဆောင်ရွက်နိုင်ပြီး  ကုန်စည်ရောင်းဝယ် ဖောက်ကားမှု    ပုံမှန်လည်ပတ်စေတာ ကြောင့်   အောက်ခြေမြို့နယ်၊ ကျေးရွာ အဆင့်မှာ မိုက်ခရိုစီးပွားရေး တည်ငြိမ်မှု   (Micro Economic Stability)    ကို  များစွာ  အထောက်အကူဖြစ်ပေါ်စေခဲ့ ကြောင်း သုံးသပ်ရရှိပါတယ်။

 

ဒါ့အပြင် စိုက်ပျိုးရေး/  မွေးမြူရေး/ ကုန်ထုတ်လုပ်မယ့်    တောင်သူတွေ၊ ကျေးရွာတွေဟာ သက်သာတဲ့ အတိုးနှုန်း [ပြား ၅၀ မှ ၁ ကျပ် ပြား ၅၀  နှုန်း]နဲ့   ရင်းနှီးမတည်ငွေရတယ်။   မတည်ငွေ၊ သွင်းအားစု၊  စိုက်ပျိုးမွေးမြူရေးစရိတ် တွေ အသုံးချနိုင်မယ်။ ချေးငွေ လက်လမ်း မီမှုရှိတယ်။ အပေါင်ထားစရာ မလိုဘူး။ အတိုးနှုန်းသက်သာတာကြောင့်  စိုက်ပျိုး မွေးမြူရေးထုတ်ကုန်တွေမှာ   အကျိုး အမြတ်ပိုရမှာဖြစ်ပြီး    ဝင်ငွေလည်း တိုးစေမှာဖြစ်ပါတယ်။  ချေးငွေအတိုးနှုန်း ကြီးမြင့်ပါက    အတိုးပိပြီး   ရှာသမျှ အတိုးဆပ်ရတာနဲ့တင်   သံသရာလည် နေမှာဖြစ်ပါတယ်။  ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ဖို့ကတော့     တောင်သူ တွေရဲ့တာဝန်ဖြစ်ပါတယ်။  “လဲနေသူ ထူပေးပါ”ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ လဲနေသူကို  ထူပေးရပါမယ်။  ဒါပေမဲ့ ထူပေးမယ့်သူက    ထူပေးရင်တောင် လဲနေသူက  “ထ”နိုင်မှ   ဖြစ်ပါမယ်။  ထချင်စိတ်ရှိမှ    ရပါမယ်။   ထနိုင်ဖို့ ကိုယ်တိုင်ကြိုးစားကြရပါမယ်။

 

နိုင်ငံတော်အစိုးရ     အနေနဲ့တော့ စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်း (MSY)ကို  နိုင်ငံ့စီးပွားရေးမှာ   အခြေခံ အကျဆုံးဖြစ်တဲ့   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ    ဖွံ့ဖြိုးလာစေဖို့   ပင်မ အားဖြစ်တဲ့ တောင်သူကြီးတွေအတွက် ဦးတည်    ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။  ဒီလိုဆောင်ရွက်ပေးခြင်း အားဖြင့်       အထက်မှာပြောခဲ့သလိုပဲ Microeconomic Levelအနေနဲ့ ကျေးရွာ တွေ၊ ကုမ္ပဏီတွေဆီ  အဆင့်ဆင့်ငွေကြေး စီးဆင်းမှု    ရောက်ရှိသွားစေမှာဖြစ်လို့  လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့  ငွေကြေး  ဆိုင်ရာ အခက်အခဲတွေအတွက် Financial Injection ထိုးပေးလိုက်သလိုပါပဲ။

 

ကောင်းကျိုးအနေနဲ့က     ဈေးကွက် ခိုင်မာမှုရှိစေသလို အသေးစားနဲ့အလတ် စား စီးပွားရေးလုပ်ငန်းတွေ  ဖွံ့ဖြိုးလာစေ ရေးကို     အထောက်အကူပြုစေပြီး တစ်ဖက်မှာလည်း စီးပွားရေးတည်ငြိမ်  မှုကို  အထောက်အကူပြုစေမှာ  ဖြစ်ပါ တယ်။ ဒီလိုရလဒ်ကောင်းတွေရရှိလာဖို့ အတွက် သက်ဆိုင်သူအားလုံး  ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့     လိုပါတယ်။ ပြိုင်တူတွန်းလျှင်     ရွေ့နိုင်ပါတယ်။ အဆင်ပြေနိုင်ပါတယ်။      ဒါကြောင့် “အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက၊တောင်သူတွေ၊ သက်ဆိုင်သူတွေအားလုံး ပြိုင်တူတွန်း ကြပါစို့၊ ကြိုးပမ်းကြပါစို့”၊  “စေတနာ ရှေ့ထား ဆောင်ရွက်ကြပါစို့”။  “တို့လုပ်မှ ရမယ်၊ တို့ လုပ်နိုင်တယ်” ဆိုတဲ့ အသိနဲ့  “နိုင်ငံသားတိုင်း    နိုင်ငံသားတာဝန် ကျေပွန်ကြပါစို့”ဟု  တိုက်တွန်းလိုက်ရပါ တယ်။         ။