တောင်တွင်းကြီးမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်

တောင်တွင်းကြီး မေ ၂၃

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် နာရီမှစတင်၍ ကျောင်းအပ် လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းအဆင်နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းအပ်နှံ ခြင်းကို မေ ၂၃ ရက်မှ ဇွန် ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)

 

 

 

 

 

သတင်းပေးပို့သူ

 

ဦးရန်နောင်စိုး

 

ပြန်/ဆက်ဦးစီးဌာန

 

တောင်တွင်းကြီးမြို့နယ်