တောင်တွင်းကြီးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေးဟောပြော

တောင်တွင်းကြီး  ၃၁ ဇူလိုင်   


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ စီးပွားဖြစ်ထွန်းမှုရှိစေရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနက ဦးဆောင်ကာ အာဖရိက ဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်းရေးဦးစီဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


" ဝက်မွေးမြူရေးသမားများ သတိထားစရာ အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) ၏ လက္ခဏာများ၊ လူနှင့်အခြား တိရစ္ဆာန်များကို ကူးစက်ခြင်းမရှိသော်လည်း စီပွားရေးထိခိုက်မှု ရှိသောကြောင့် သတိထားရန်လိုကြောင်း ၁၉၀၇ ခုနှစ်က အာဖရိကတိုက် ကင်ညာနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ်ပထမပတ်က တရုတ်နိုင်ငံအထိ ပျံ့နှကာ ဝက်အများအပြား သေဆုံးလျှက်ရှိတယ်' ဟု မွေးမြူရေးနှင့် ကုသရေးဦးစီဌာန မြို့နယ်ဦးစီးမှုး ဒေါက်တာရဲနန္ဒကပြောကြားသည်။


အဆိုပါ ဟောပြောပွဲသို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဝက်မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။                                           
                    


နိုင်ဝင်း(တောင်တွင်ကြီး)