တောင်တွင်းကြီးမြို့တွင် နေအိမ်ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား

တောင်တွင်းကြီး ၂၃ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက် ခြင်္သေဦးအပိုင်း ရေဦးလမ်းသွယ်(၂) ဦးတင်ထွန်းမောင် ၏နေအိမ် ဘုရားမီးပူဇော်ရာမှ နေအိမ်သို့ကူးစက်ကာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆ နာရီ ၃၇ မိနစ်က စတင် မီးလောင်ကျွမ်းခဲ့ရာ ဦးတင်ထွန်းမောင်၏ (၃) ပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်နှင့် ဒေါ်ပြုံး၏ သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်ခြမ်း မီးလောင်ဆုံးရှုံး ပျက်စီးခဲ့ကြောင်း သိရသည်။


အခင်းဖြစ်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်မောင်ညို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများမီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်လေးစီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၆ နာရီ ၄၅ မိနစ်အချိန်တွင် လုံးဝမီးငြိမ်းသွားကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ နေအိမ်ပိုင်ရှင် ဦးတင်ထွန်းမောင်အား တောင်တွင်းကြီးမြို့မရဲစခန်းမှ အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

 

MDN