ရန်ကုန် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေ ၂၆ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဝင်းမာက ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ ဒေသန္တရစီမံကိန်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက စီမံကိန်းတာဝန်များအား ပေးအပ်ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)


