တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

တောင်ဥက္ကလာပ စက်တင်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိုးသတ်ဆေးဖြန်းရာတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများ၊ ရေအိမ်သာခန်းများ၊ တံခါးပေါက်လက်ကိုင်များ၊ လျှောက်လမ်းများ စသည့် လူအများအသုံးပြု ထိတွေသည့်နေရာ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်မိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဦးစီးအရာရှိ ဦးဇင်မင်းတို့မှ ဉီးဆောင်၍ သန္ဓေမီးသတ်နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)