တောင်ဥက္ကလာပမြို့နယ်တွင် မီးအားမြှင့်စက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်လေးလုံး မီးလောင်

ရန်ကုန်  ၁၈  ဧပြီ 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၆)ရပ်ကွက်၊ အင်းဝ (၈)လမ်း၊ အိမ်အမှတ်(၉၇၇-က)၌ ဧပြီလ ၁၇ ရက်နေ့ နံနက်အစောပိုင်းက မီးလောင်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင် (၁၅)ဦး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၂၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၁)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁၄)စီး၊ အထောက်အကူပြုယာဉ် (၄)စီး၊ ကွပ်ကွဲမှုယာဉ်(၄)စီးတို့ သွားရောက်ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ ကိုထွန်းထွန်းသည် နေအိမ်၌ တစ်ဦးတည်းအိပ်ပျော်နေစဉ် အိမ်၏ဧည့်ခန်းတွင်ထားရှိသော 10KV မီးအားမြှင့်စက်ရှိ Auto Relay အလုပ်မလုပ်မှုကြောင့် မီးစလောင်ခဲ့ပြီး မီးလောင်မှုကြောင့် ၎င်း၏ အိမ်အပါအဝင် အိမ်လေးလုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပြီး အိမ်ရှင်ဖြစ်သူ ကိုထွန်းထွန်းတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့်  မီးပေါ့ဆစွာသုံးစွဲခဲ့သူ အိမ်ရှင် ကိုထွန်းထွန်းအား တောင်ဥက္ကလာပ မြို့မရဲစခန်းမှ တရားစွဲဆိုထားကြောင်း သိရသည်။

 

လင်းလင်းထွန်း

 

IMG-04c