တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်(၅)စီး ဆင့်တိုက်မှုဖြစ်ပွား

နေပြည်တော် ၁၇ ဇန်နဝါရီ 

 
ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းအတိုင်း ပါရမီကားဝန်းဘက်မှ ဘေလီမီးပွိုင့်ဘက်သို့ မြောက်ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်နေ ဦးအောင်ဆန်းထွေး (၅၁)နှစ် မောင်းနှင်လာသော 2E/×××× Toyota Granvia Mini Van ခဲရောင်ယာဉ်သည် အမှတ်(၃)ပိုင်းကျောင်း ရှေ့အရောက် အရှိန်မထိန်းနိုင်းဘဲ လားရာတူမှ (၄)ရပ်ကွက်နေ ဦးအောင်မိုး(၅၂)နှစ် မောင်းနှင်လာသော EE/×××× Toyota PRE-MIO ခဲရောင်အငှားယာဉ်အား လည်းကောင်း၊ (၅)ရပ်ကွက်နေ ဝင်းသူအောင် (၃၁)နှစ် မောင်းနှင်လာသော 3E/×××× Toyota Probox အဖြူရောင် အငှားယာဉ်အား လည်းကောင်း၊ သာကေတမြို့နယ်၊ (၁)ရပ်ကွက်နေ ကိုထွန်းထွန်း (၃၈)နှစ် မောင်းနှင်လာသော CC/××××× Nissan Advan အဖြူရောင် အငှားယာဉ်အားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၂)ရပ်ကွက်နေ သိန်းမင်းအောင် (၂၉)နှစ်မောင်းနှင်လာသော 9K/×××× Nissan Vantte အဖြူရောင်ယာဉ်အား လည်းကောင်း အဆင့်ဆင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။


ယာဉ်(၅)စီး ဆင့်တိုက်မှုကြောင့် တန်ဖိုး ငွေကျပ် ၅၂၈၀ဝ၀ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ဦးအောင်ဆန်းထွေးအား တောင်ဥက္ကလာပ မြို့မရဲစခန်း ယာဉ်(ပ)၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN