တိဗက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ နှင်းထူထပ်စွာကျဆင်းမှုကြောင့် ရှစ်ဦးသေဆုံး

ဇန်နဝါရီ ၁၉

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ဇန်နဝါရီ ၁၇ ရက်က နှင်းများထူထပ်စွာကျဆင်းသဖြင့် လမ်းမများပေါ်နှင်းများ ဖုံးလွှမ်းနေသည်ဟု သိရသည်။

အဆိုပါနှင်းများထူထပ်စွာကျဆင်းမှုကြောင့် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရာနှင့်ချီသောအလုပ်သမားများနှင့် ယာဉ်အစီးရေများစွာတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

တရုတ်နိုင်ငံ၏အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပျောက်ဆုံးနေသူများအား ရှာဖွေမှုများဆက်လက်လုပ်ဆောင်ကြရန် တာဝန်ရှိသူများကို ပြောကြားထားသည်။

နောက်ဆက်တွဲနှင်းပြိုကျမှုများဖြစ်ပွားခြင်းမှကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင်ထားကြရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို