တီဗီမီးအားဖြတ်စက်အပူလွန်ကဲရာမှ ပြည်မြို့၌ မီးလောင်မှုဖြစ်ပွား

ပြည်     ၅   ဧပြီ   

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်း၌ ဧပြီ ၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်မှာ အဆိုပါလမ်းနေ   ဦးကြီးတင်၏ နေအိမ်ရှိ တီဗီမီးအားဖြတ်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး   မီးလောင်မှုကြောင့် ၄င်း၏(၃၀×၅၀)ပေသွပ်မိုး ပျဉ်ထောင် နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ၊ ယင်းအိမ်ဘေးရှိ ဦးစိုးမြင့် ၏ ပေ၂၀ ပတ်လည် သွပ်မိုး ထရံကာနေအိမ်မှ ထရံ(၁၀)ပေခန့် မီးကူးစက်ဆုံးရှုံးခဲ့သည်။

 

မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက စုစုပေါင်း မီးသတ်ယာဉ်(၂၁)စီးဖြင့် ပြည်သူများနှင့်အတူ ဝိုင်ဝန်းငြိမ်းသတ်ရာ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုအား ပြည်မြို့ အမှတ်(၁)နယ်မြေရဲစခန်း၌ အရေးယူထားကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)

 

received_6