တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ ဇနီး Madame Isabel da Costa Ferreira ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန် ဇွန် ၂၃

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွန့်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ ဇနီး Madame Isabel da Costa Ferreira ကွယ်လွန်ခဲ့သည့်အတွက် အမှတ်(၁၀၇)/E ဗဟိုလမ်း၊ ကရင်ခြံရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံရုံးတွင် ဖွင့််လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်တွင် သွားရောက်လက်မှတ်ရေးထိုးသည်။

 

သတင်းစဉ်