တီရန်နန်အရေးအခင်းမှာ နှိမ်နင်းတဲ့ပုံစံမျိုး ဟောင်ကောင်ဆန္ဒပြပွဲကိုဖြိုခွင်းခဲ့ရင် ကုန်သွယ်ရေးမှာ ထိခိုက်နိုင်တယ်လို့ ထရန့်သတိပေးပြောဆို

၁၉ သြဂုတ်

 

တရုတ်နိုင်ငံအနေနဲ့ တီရန်နန်ရင်ပြင် အရေးအခင်းမှာနှိမ်နင်းတဲ့ပုံစံမျိုး ဟောင်ကောင်ဆန္ဒပြပွဲကိုဖြိုခွင်းခဲ့ရင် ကုန်သွယ်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးနေတာကို ထိခိုက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် က သတိပေးပြောဆိုလိုက်ပါတယ်။ 

 

ဟောင်ကောင်ရဲ့ လွတ်လပ်မှုတွေဟာ ပေကျင်းရဲ့ ခြိမ်းခြောက်မှုအောက်မှာ ပျောက်ဆုံးသွားမှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြပွဲတွေ နှစ်လကျော်ပြီးနောက်ပိုင်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြားက ပဋိပက္ခတွေကြားမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာ ရှိနေပါတယ်။ 


မနေ့က ပြုလုပ်ခဲ့တဲ့ အေးအေးချမ်းချမ်း ချီတက်ဆန္ဒပြပွဲမှာ လူပေါင်း ၁.၇ သန်း ပါဝင်ခဲ့ပြီး ပါဝင်တဲ့လူတွေရဲ့ ထီးတွေဟာ ပင်လယ်ကြီး တမျှဖြစ်နေပါတယ်။ တရုတ်နိုင်ငံက ဆန္ဒပြပွဲကို ပြီးဆုံးရန် ရဲတွေကို အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ 


ဒီအခြေအနေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တီရန်နန်ရင်ပြင်အရေးအခင်းလို ဖြစ်ဖို့ဆိုတာ  သိပ်ခက်ခဲမှာဖြစ်ကြောင်း အမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးစစ်ကို ပြီးဆုံးအောင် ထိပ်တန်းအရာတွေ တွေ့ဆုံးဆွေးနွေးဖို့စီစဉ်ပြီးနောက် အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


ဟောင်ကောင်နဲ့ နယ်ချင်းစပ်နေတဲ့ ရှန်ဆန်းမှာ စစ်သားတွေနဲ့ တင့်ကားတွေပါရောက်ရှိနေကြောင်း တရုတ်အစိုးရသတင်းဌာနက ပြသသွားပါတယ်။ ဒါပေမယ့် တရုတ်အစိုးရသတင်းစာ Global Timesမှာ တရုတ်နိုင်ငံက ပိုပြီး ရင့်ကျင့်လာပြီး ခိုင်မာလာတယ်။ ရှုပ်ထွေးတဲ့ အခြေအနေကို ကိုင်တွယ်တတ်လာကြောင်း။ တီရန်နန်ရင်ပြင်လိုမျိုး ထပ်ပြီး မလုပ်ဘူးလို့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

 
၁၉၈၉ ခုနှစ်က တရုတ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲကျင်းပရာ တီရန်နန်ရင်ပြင်မှာ တင့်ကားတွေစေလွှတ်ပြီး နှမ်နင်းရာ အမြောက်အမြား သေဆုံးခဲ့ပါတယ်။

 

MDN
ကိုးကား - AFP