တီးတိန်ခရိုင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်အန္တရာယ်ရှိနိုင်သော အိမ်များအား ကြည့်ရှုစစ်ဆေး

တီးတိန် မေ ၁၂

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များသည် တီးတိန်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုင်ခံ့မှုရှိ/မရှိ ထိခိုက်အန္တရာယ်ရှိနိုင်သော အိမ်များအား မေ ၁၁ ရက်က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

စစ်ဆေးရာတွင် အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၁၈၃ ဦးတို့အား ကမ်းဟောက်ခန်းမ၊ ခွါဒိုခန်းမနှင့် နီးစပ်ရာ ဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်သွားရေး အသိပေးပြောကြားခဲ့ပြီး အလားတူ တွန်းဇံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သဘာဝဘေးကျရောက်ပါက  ခိုင်ခံ့မှုမရှိကြောင်း တွေ့ရှိရသော အိမ်ထောင်စု ၁၀ စုတို့အား နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရေး အသိပေး၍ လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း သိရသည်။

 

ဘေးအန္တရာယ်ရှိနိုင်သော အိမ်ထောင်စုများပြောင်းရွှေ့ရာတွင် လိုအပ်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့စည်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုးမိုး