တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၆) ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန် ၁၂  ဇန်နဝါရီ 

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှု ခံယူနေသည့် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ ၆ ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင်  ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများသည် တီးတိန်မြို့၊မြို့မရပ်ကွက်နေ အသက် (၁၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့နယ်၊ အန်းလန်းကျေးရွာနေ အသက် (၁၃) နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့နယ်၊ ဆွလိမ်ကျေးရွာနေ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပလက်ဝမြို့နေ အသက် (၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ အသက် (၂၁) နှစ်အရွယ်အမျိုး သားတစ်ဦးနှင့် တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာနေ အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

ယခုလတ်တလောအချိန်တွင် တီးတိန်ပြည်သူ့ဆေးရုံ၌ ပိုးတွေ့အတည် ပြုလူနာ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး (၁၉)ဦးတို့ ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)