တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာ (၂၉)ဦး ထပ်မံတွေ့ရှိ

တီးတိန်   ဇူလိုင်   ၈

ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံနှင့်လိုင်တွီး ကျေးရွာ၊ တုန်ရှာလ်ကျေးရွာ၊ ဖူနွမ်းကျေးရွာတို့ ဇူလိုင် ၇ ရက်က စုစုပေါင်း(၁၁၆)ဦး စစ်ဆေးရာ (၂၉)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများသည် အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၆)ဦးဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)