တိုက်စစ်မှူး ဂါရတ်ဘေးလ်အား မန်ယူအသင်းက အငှားဖြင့် ခေါ်ယူမည်

၁၀ ဇွန်

 


မန်ယူအသင်းသည်    စပိန်လာလီဂါ ကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှ တိုက်စစ်မှူး  ဂါရတ်ဘေးလ်အား  အငှားစာချုပ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

ရီးယဲလ်မက်ဒရစ်     အသင်းကလည်း တိုက်စစ်မှူးဂါရတ်ဘေးလ်သည်  အသင်း၏ အနာဂတ်အစီအစဉ်ထဲတွင် မပါဝင်ကြောင်း  ပြောကြားခဲ့သည်။ ထို့ကြောင့် မန်ယူအသင်းက ဂါရတ်ဘေးလ်အား ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ဈေးဖွင့်ထားသည့် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းကိုမူ မန်ယူအသင်းနှင့် စပါးအသင်းက ပေးမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

သို့ရာ တွင်  မန်ယူအသင်းအနေဖြင့် တိုက်စစ်မှူးဂါရတ်ဘေးလ်အား နောက်ထပ် တစ်နှစ်သက်တမ်းတိုးနိုင်မည့်  အခွင့်အရေးနှင့်အတူ တစ်ရာ သီအငှားစာချုပ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

မန်ယူအသင်းသည် ဂါရတ်ဘေးလ်အားခေါ်ယူရန် ကာလကြာရှည်စိတ်ဝင်စားခဲ့သော်လည်း      လွန်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်းက      စပါးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ လက်ရှိတွင်မူ  အမြဲတမ်းစာချုပ်ဖြင့်  ခေါ်ယူမည်မဟုတ်ဘဲ အငှားစာချုပ်ဖြင့်သာ ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း သိရသည်။


ငွေကြယ်