တိုကျိုအိုလံပစ်အတွင်းမှာ ဟိုတယ်အခန်းပြတ်လပ်မှုမရှိအောင် ဇိမ်ခံသင်္ဘောတွေပါ အသုံးပြုဖို့ စဉ်းစားနေ

၁၈ ဇူလိုင်

 


လာမည့်နှစ်မှာ ကျင်းပမယ့် တိုကျို အိုလံပစ်အားကစားပွဲအတွင်းမှာ ဂျပန်နိုင်ငံ မြို့တော်ကို ရောက်ရှိလာမည့် နိုင်ငံခြားသားဧည်သည့်တွေကို ဝန်ဆောင်မှုပေးမယ့် ဟိုတယ်အခန်း မလောက်မှုနဲ့ ရင်ဆိုင်နိုင်တဲ့အတွက် ဇိမ်ခံသင်္ဘောတွေကို ရေပေါ်ဟိုတယ်အဖြစ် ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေကြောင်း သိရပါတယ်။ 

 

 

သုတေသနပြုလုပ်ထားချက်အရ တိုကျိုမှာ ဟိုတယ်အခန်းပေါင်း တစ်သောင်း လေးထောင်နီးပါး လိုအပ်နေကြောင်း၊ အဲဒီပြဿနာကို ဖြေရှင်းရန် အားကစားပွဲတော်ကာလမှာ တိုကျိုနဲ့ ယိုကိုဟားမား အနီးမှာ သင်္ဘောကြီးတွေကို ကမ်းကပ်ထားပြီး အဲဒီမှာ ဟိုတယ်အဖြစ်ပြောင်းခြင်းအားဖြင့် အခန်းပြတ်လပ်မှုကို ဖြေရှင်းနိုင်မယ်လို့ တာဝန်ရှိသူတွေက စဉ်းစားနေကြပါတယ်။ 

 

ဂျပန်နိုင်ငံရဲ့ စီးပွားရေးဥပဒေအရ အခန်းတစ်ခန်းမှာ ပြတင်းပေါက်မရှိရင် ဟိုတယ်အခန်းအဖြစ် အသုံးမပြုနိုင်ဘူးလို့ တားမြစ်ထားပေမယ့် အခမ်းအနားပွဲတွေ အတွင်းမှာ သင်္ဘောတွေပေါ်မှာ ပြတင်းပေါက်မပါတဲ့အခန်းကို ဟိုတယ်အခန်းအဖြစ် အသုံးပြုခွင့် ပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ချွင်းချက်အနေနဲ့ ပြင်ဆင်ထားပါတယ်။ 

 

ကျွမ်းကျင်သူတွေကတော့ ဇိမ်ခံသင်္ဘောအနည်းငယ်ဟာ  ဟိုတယ်အခန်းဖြည့်ဆည်းဖို့အတွက် မပြည့်စုံဘူးလို့ သတိပေးနေပါတယ်။ 

 

MDN
ကိုးကား - AFP