တိုကျိုအိုလံပစ်သို့ သွားရောက်မည့် အမေရိကန်ကိုယ်စားလှယ်များအား သမ္မတကတော် ဂျေးဘိုင်ဒင် ဦးဆောင်မည်

ဇူလိုင် ၁၄

 

လာမည့်သီတင်းပတ်တွင် ကျင်းပမည့် တိုကျိုအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲအား အမေရိကန် သမ္မတကတော် ဂျေးဘိုင်ဒင် တက်ရောက်မည်ဖြစ်ပြီး အားကစားပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အမေရိကန် ကိုယ်စားလှယ်များအား ဦးဆောင်မည်ဖြစ်သည်။

 

ဂျေးဘိုင်ဒင်သည် ဇန်နဝါရီလမှစ၍ သူမ၏အမျိုးသား တာဝန်ထမ်းဆောင်ပြီးနောက်တွင် ပထမဆုံး အကြိမ်အဖြစ် ပြည်ပသို့ ခရီးထွက်ခွာခြင်းဖြစ်သည်။ အိမ်ဖြူတော်မှ ရှေ့ပြေးအဖွဲ့သည် ယခုခရီးစဉ် ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ တိုကျိုသို့ သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်သည်။

 

သမ္မတများအတွက် ပြည်ပမှ အိုလံပစ်အားကစားပွဲများသို့ မသွားရောက်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်ပင် ဖြစ်သည်။ ယခင်သမ္မတကတော်များအနေနှင့်လည်း အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု၍ တက်ရောက် ခဲ့ကြသည်။

 

သမ္မတကတော်အနေနှင့် အစိုးရ၏ကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုများကို မြှင့်တင်ရန်အတွက် အမေရိကန်ပြည်ထောင်စုတစ်ဝန်းသို့ မကြာခဏခရီးထွက်ခဲ့ကြောင်း သိရသည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်