တိုကျိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၄၀၁ ဦး ထပ်မံတွေ့ရှိ၊ ခရိုင်အချို့တွင် ကိုဗစ်ရောဂါကူးစက်ခံရမှု စံချိန်တင်မြင့်တက်

ဇူလိုင် ၂၁

 

တိုကျိုမြို့တော်အစိုးရက ထိုမြို့တော်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၄၀၁ ဦးထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 

ထိုမြို့တော်တွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်ခံရသူအရေအတွက် နှစ်သောင်းကျော်ရှိလာခြင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၅၃၆ ဦးရှိသည်ဟု သိရသည်။

 

ဂျပန်နိုင်ငံတစ်ဝန်းရှိ ခရိုင် ၃၀ တွင်လည်း ကိုဗစ်ရောဂါကူးစက်မှုများ စံချိန်တင်မြင့်တက်လျက်ရှိသည်။

 

အိုဆာကာခရိုင်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၇၆ ဦး ရှိသည်။ ထိုခရိုင်တွင် ကိုဗစ်ရောဂါကူးစက်သူအရေအတွက် ၂၀၀၀၀ ကျော်ရှိလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကူးစက်မှုအမြင့်မားဆုံးဖြစ်သည်။ ယမန်နေ့က ကူးစက်မှုသည် သီတင်းပတ်အစောပိုင်းက ကူးစက်မှုထက် ၂ ဒသမ ၁ ဆ ပိုမိုမြင့်မားသည်။

 

အိုကီနာဝါခရိုင်တွင် လူဦးရေ ၁ ဒသမ ၄၆ သန်းခန့်ရှိသည့်အနက် ယင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းတွင် ကိုဗစ်ရောဂါကူးစက်မှု ဖြစ်ပွားလျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို