တိုက်ကြီးမြို့နယ်၌ ဆိုင်ကယ်မဆင်မခြင် စီးနင်းမောင်းနှင်မှုကြောင့် သေဆုံးဒဏ်ရာရမှုဖြစ်ပွား

ရန်ကုန်  ၁၇   မတ်                  

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဆိုင်ကယ်မဆင်မခြင် စီးနင်းမောင်းနှင်မှု ကြောင့် တစ်ဦးသေပြီး ဒဏ်ရာများရရှိမှု မတ် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းအတိုင်း မြောက်မှတောင်(ဉက္ကံဘက်မှ တိုက်ကြီးဘက်) သို့ ဇော်ဝင်းသန်း စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် (၅၄/၁)နှင့် (၅၄/၂)ကြား ကျိုက်စကိုင်းကျေးရွာအနီးအရောက် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ဦးစောခိုင် မောင်းနှင်လာသည့်  ခရီးသည်တင် မှန်လုံ(၆)ဘီးယာဉ်အား ဝင်ရောက် တိုက်မိသဖြင့် ယာဉ်နှင့်ဆိုင်ကယ် ပျက်စီးကာ ဆိုင်ကယ်စီးနင်း မောင်းနှင်သူ ဇော်ဝင်းသန်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်မှ ထိုင်စီးလိုက်ပါလာသူ မပြည့်ပြည့်ဇော်မှာ ဒဏ်ရာများရရှိကာ တိုက်ကြီးဆေးရုံမှတစ်ဆင့် မြောက်ဉက္ကလာပဆေးရုံသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင် စီးနင်းမောင်းနှင်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်တိုက်ခဲ့သူ ဇော်ဝင်းသန်းအား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)