“တိုက်တွန်းနှိုးဆော်ခြင်း”

နေပြည်တော်၊ ၁၁  ဒီဇင်ဘာ

 

ပုံများတွင်ဖော်ပြထားသည့်အတိုင်း ဈေးရောင်းသူအချို့သည် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) တပ်ဆင်မှုမရှိခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မတပ်ဆင်ခြင်းမရှိဘဲ မေးသိုင်းထားခြင်းနှင့် မျက်နှာအကာ (face shield) ကို အပေါ်သို့ လှန်ထားခြင်းများအား တွေ့ရှိနေရပါသည်။

 

ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများတွင် COVID-19 ရောဂါပိုးရှိနေပါက ဈေးဝယ်သူအများအပြားသို့ ရောဂါပိုး ကူးစက်ပျံ့နှံ့စေမည် ဖြစ်ပါသည်။

 

ဈေးဝယ်သူများအနေဖြင့် COVID-19 ရောဂါပိုး ကူးစက်ခံရခြင်း မရှိစေရန်အတွက် -

 

• မိမိကိုယ်တိုင်လည်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ရန်နှင့်

 

• ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) တို့ စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ပစ္စည်းများနှင့်  အစားအသောက်များ ဝယ်ယူခြင်းမပြုကြရန် အသိပေး တိုက်တွန်းအပ်ပါသည်။

 

သက်ဆိုင်ရာဈေးတာဝန်ခံများ၊ ဈေးကြီးကြပ်သူများနှင့် တာဝန်ရှိသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများကို ဈေးရောင်းချခွင့် (လုံးဝ) မပြုရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန