တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊    ၂၅ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း   ၅  ရက်
(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂၃   ရက်)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ   အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁)    ဦးရွှေဇင်        မန္တလေးတိုင်းဒေသကြီး
(၂)    ဒေါက်တာ အောင်မြတ်ကျော်စိန်    မွန်ပြည်နယ်
                        အမိန့်အရ
    အောင်လင်းဒွေး
    ဒုတိယဗိုလ်ချုပ်ကြီး
    အတွင်းရေးမှူး
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ