ရန်ကုန်    ဇူလိုင်    ၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်   ကာယပညာကော်မတီ  နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိဆိုဂုဏ်ပြုမိတ်ဆက် အမှာစကားပြောကြားပြီး အားကစားသမား များနှင့် အုပ်ချုပ်သူ/နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။

အဆိုပါပြိုင်ပွဲကိုဇူလိုင် ၆ ရက်မှ ၁၀ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမား ၁၀၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။      

ဇွဲထက်ကို(ပြန်/ဆက်)