တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား မန္တလေးတိုင်းဒေသကြီးအသင်းမှရရှိ

နေပြည်တော် ၁၀ ဇူလိုင် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ (၃) နာရီက ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် ယှဉ်ပြိုင်ကစားကြသည်။

 

1+

 

ပြိုင်ပွဲများအဖြစ် အမျိုးသား အမျိုးသမီးတစ်ဦးချင်း၊ အသင်းလိုက်ခတပွဲစဉ်များ၊ အမျိုးသား အမျိုးသမီးအသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။

 

2+

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ (၅၅)ကီလိုအောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ရွန်(မန္တလေး)၊ ဒုတိယဆုရရှိသော အောင်ကျော်ကျော် (ရခိုင်)၊ ပူးတွဲတတိယဆုရရှိသော အောင်စိုးနိုင်(မွန်)နှင့် ငြိမ်းချမ်း (ရန်ကုန်)တို့အား မြန်မာနိုင်ငံ ကရာတေး အဖွဲ့ချုပ်ဒိုင် ကော်မတီဥက္ကဋ္ဌ ဦးစောမင်းနိုင်က လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ (၆၀)ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်သူစိုး (ဧရာဝတီ)၊ ဒုတိယဆုရရှိသော အောင်သော်ဇင်သိန်းစိုး (ကယား)၊ ပူးတွဲတတိယဆု ရရှိသော ကျော်ထက်အောင် (ရန်ကုန်)နှင့် ဖြိုးမောင်မောင် (မွန်)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကုမိတဲ့ (၆၇)ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော စည်သူထွန်း (စစ်ကိုင်း)၊ ဒုတိယဆုရရှိသော ကျော်ဆန်းသူ (ဧရာဝတီ)၊ ပူးတွဲတတိယဆုရရှိသော ကျော်မျိုးလွင် (ကယား)နှင့် စိုင်းထွန်းအောင် (ရှမ်း) တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့ (၅၀)ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေရည်ဝင်း (ကယား)၊ ဒုတိယဆုရရှိသော ယမင်းနန္ဒခင် (မန္တလေး)၊ ပူးတွဲတတိယဆုရရှိသော မေဇင်သင်း (မွန်)နှင့် သူဇာနှင်း (စစ်ကိုင်း) တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကုမိတဲ့ (၅၅)ကီလိုအောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မေမြန်မာညွှန်ဦးခင် (ကယား)၊ ဒုတိယဆုရရှိသော ချိုမေဇင်(စစ်ကိုင်း)၊ ပူးတွဲတတိယဆုရရှိသော ယုယုထွန်း(မွန်)နှင့် ဟွေ့ရီ(မန္တလေး) တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်က လည်းကောင်း၊ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသားအကောင်းဆုံးဆုရရှိသော စည်သူထွန်း (စစ်ကိုင်း)၊ ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသော ရွှေရည်ဝင်း(ကယား)၊ ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု ရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီး အသင်းအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ ရွှေ(၄)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ရရှိသော ကယားပြည်နယ်အသင်း၊ ရွှေ(၆)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

3+