တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ပတ်အတွင်း တရားမဝင်သစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိ

နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း တရားမဝင်းသစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထိုပြင် သစ်တောထွက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအဖြစ် ကျွန်းပွတ်လုံး ဝ ဒသမ ၂၇၂၂ တန်၊ လုံးပတ်သုံးပေအောက်သစ် ၇ ဒသမ ဝ၂၇၄ တန်၊ မျှင်ဝါး (၂၁၅၀) လုံး၊ အင်ပကာထင်း ၁၁ ဒသမ ၄၄၆၃ တန်၊ အင်ပကာခွဲခြမ်း ၉ ဒသမ ၉၈၀ တန်၊ မီးသွေး ၂၃ ဒသမ ၃၆ တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း(၃) ဝိုင်း၊ ချိန်းဆော(၁)လက်၊ တာယာဘီးတပ်လှည်း(၁)စီး၊ ယာဉ်(၁၁)စီးနှင့် ပြစ်မှုကျူးလွန်သူ (၂၀)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ 

 

ကိုမျိုး