တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော်  ၁၂ မတ်

 

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည်။

 

ရှေးဉီးစွာ နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ နေပြည်တော် ရိုးရာခြင်းလုံးအသင်း အုပ်ချုပ်သူ ဒေါ်သန်းသန်းဝင်းက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက နေပြည်တော် ရိုးရာခြင်းလုံးအသင်းမှ နည်းပြများနှင့် ကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)