တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

နေပြည်တော်   ၁၁    အောက်တိုဘာ

 

၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် သင်းသင်းခိုင်(မကွေး)မှ မိုးသော်တာ(ရန်ကုန်) ကိုလည်းကောင်း၊ အမျိုးသမီး (၆၀)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(တနင်္သာရီ)မှ မူစိန်မြ(ရှမ်း)ကို လည်းကောင်း၊ ဘောင်ဝါ(ချင်း)မှ နော်ဆာပူနာ(ကယား)ကို လည်းကောင်း၊

 

အမျိုးသား(၄၉) ကီလိုတန်း ပြိုင်ပွဲတွင် ကျော်ဇင်ဝင်း(ဧရာဝတီ)မှ နေလင်းစိုး(မွန်)ကို လည်းကောင်း၊ အောင်သူဝင်း(ပဲခူး)မှ ဇင်မောင်ဝင်း(မန္တလေး)ကို လည်းကောင်း၊ ကျော်မင်းထွန်း(ရန်ကုန်)မှ ကျော်စိုးလင်း(စစ်ကိုင်း)ကို လည်းကောင်း၊ ထက်မြတ်ကျော်(တနင်္သာရီ)မှ နိုင်းယောဟန်(ချင်း)ကို လည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)မှ ပေါင်ဆွင်းခိုင်(မကွေး)ကို လည်းကောင်း၊ ဇော်ဇော်အောင်(တနင်္သာရီ)မှ အောင်ဆန်းလင်း(ကချင်)ကို လည်းကောင်း၊ အောင်အောင်(ရခိုင်)မှ နိုင်းထန်း(ချင်း)ကို လည်းကောင်း၊ ဝေစိုး (ဧရာဝတီ)မှ အောင်ငဲ(ကယား)ကို လည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းပြိုင်ပွဲတွင် နေလင်းနိုင် (ပဲခူး)မှ အာကာဖြိုး(ဧရာဝတီ)ကို လညး်ကောင်း၊ ကျော်ဝေစိုး(မွန်)မှ စောဂျူနီယာလစ်ဗစ်စတုန်း(ကယား) ကို လည်းကောင်း၊ စောဇော်သန်း(ကရင်)မှ ငြိမ်းချမ်းသူ(ရန်ကုန်)ကို လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

 

mdn

 

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲများကို (၁၀.၁၀.၂၀၁၉) ရက်နေ့မှ (၁၈.၁၀.၂၀၁၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် နေ့စဉ်ညနေ(၃)နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါဝင်စားသော အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 

MDN

 

mdn