တိုင်းဒေသကြီးနှင့်ပြည်နယ် (U-17) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်(Live) ထုတ်လွှင့်မည် 

နေပြည်တော် ၁၅ စက်တင်ဘာ 

၂၀၁၉ - ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (U-17)အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ စက်တင်ဘာ (၁၆)ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်အား မွန်းလွဲ ၂ နာရီ၊ ၄၅ မိနစ်မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)