တိုင်ကြားချက်တစ်ခုကြောင့် ဖိလစ်ပိုင် အွန်လိုင်းသတင်းဌာနခေါင်းဆောင် စုံစမ်းစစ်ဆေးခံရ

မနီလာ ၂၂ ဇန်နဝါရီ

သတင်းဌာနပိုင်ဆိုင်ခွင့် ချိုးဖောက်မှုရှိတယ်ဆိုပြီး ဖိလစ်ပိုင်သတင်းဝက်ဆိုက်ကို ပိတ်ပစ်လိုက်ပြီး ပိုင်ရှင်ကို နိုင်ငံတော်အဆင့်ရှိတဲ့ စုံစမ်းစစ်ဆေးရေးမှုတွေကို တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုခေါ်တွေ့ရတာကို သတင်းဝက်ဆိုက်ပိုင်ရှင်အမျိုးသမီးက လွန်ခဲ့တဲ့ငါးနှစ်က သတင်းဟောင်းတစ်ပုဒ်ကို သံသယဖြစ်စရာ ကောင်းတဲ့ တိုင်ချက်ရှိလို့ ဆိုပေမယ့် မီဒီယာဖြိုခွဲမှုဖြစ်လာမလားခန့်မှန်းချက်တွေနဲ့  ပြည်တွင်းမီဒီယာတွေက စိုးရိမ်မှုတွေကြီးထွားလျှက်ရှိပါတယ်လို့ ပြောပါတယ်။ 

လွန်ခဲ့တဲ့ ငါးနှစ်က သတင်းဟောင်းတစ်ခုနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်တိုင်ကြားချက်တစ်ခုကြောင့် ပိုင်ဆိုင် ခွင့်ချိုးဖောက်မှုဖြင့် ပိတ်ခံထားရတဲ့ ဖိလစ်ပိုင်အွန်လိုင်းသတင်းဌာနခေါင်းဆောင်ကို တနင်္လာနေ့က စုံစမ်းစစ် ဆေးမှုတွေပြုလုပ်ခဲ့တာကြောင့် မီဒီယာဖြိုခွဲမှုဖြစ်လာမလားခန့်မှန်းချက်တွေနဲ့  ပြည်တွင်းမီဒီယာတွေက စိုးရိမ်မှု တွေကြီးထွားလျှက်ရှိပါတယ်။

သမ္မတ ရိုဒရီဂို ဒူတာတေး ဟာ သူ့ပြိုင်ဘက်တွေကို လူသိရှင်ကြား ရင့်ရင့်သီးသီးပြောတာတဲ့ နေရာမှာ စံတင် လောက်တဲ့ အကြောင်းတွေကို ရေးသားတဲ့ သတင်းတွေကို ရေးသားဖော်ပြတဲ့ သတင်းထောက်တွေကို  ကို ခြိမ်းခြောက်ဖို့ ဖန်တီးထားတဲ့  ပိုင်ဆိုင်ခွင့် ချိုးဖောက်မှုရှိတယ်ဆိုတဲ့ ဥပဒေနဲ့ Securities and Exchange Commission ကနေ  Rappler သတင်းဝက်ဆိုက်ကိုထုတ်ဝေခွင့် လိုင်စင်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်လို့ သတင်းဌာနအကြီးအကဲ မာရီယာရီဆာ က ဆိုပါတယ်။ 

အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုက ဆင့်ခေါ်စာအရ သွားရောက်ဖြေကြားပြီးနောက် ရီဆာ ကို မီဒီယာသမား အုပ်စုကြီးက မေးမြန်းခဲ့ရာမှာ သတင်းစာပညာကို ရာဇဝတ်မှုအဖြစ်ပုံဖော်ဖို့ ကြိုးပမ်းမှုတစ်ရပ်ပဲလို့ သူမက ဖြေကြားခဲ့ပါတယ်။

အတင်းအကြပ်မဟုတ်ပေမယ့်လည်း ၂၀၁၂ လောက်က ရေးသားခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တစ်ဦးရဲ့တိုင်ကြားစာကိုအကြောင်းပြပြီး အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုက ခေါ်ယူစစ်ဆေး တာဟာ Rappler သတင်းဌာနကို ပိတ်ပစ်ဖို့၊ အနှောက်အယှက်ပေးဖို့ လုပ်ဆောင်တာလို့ပဲ မြင်ကြောင်း၊ လွတ်လပ်စွာရေးသားခွင့်ကို ထိခိုက်စေမယ့် အားထုတ်လုပ်ဆောင်မှုတွေထဲက တစ်ခုလို့ သူမအနေနဲ့ မြင် ကြောင်း၊ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ အမေရိကန်က Omidyar Network ကနေ ရင်းနှီးမြုပ်နှံမှုရယူခြင်းကို  အကြောင်းပြချက်ပေးပြီး ကို Rappler သတင်းဝက်ဆိုက်ကို ပစ်ဒဏ်မပေးခဲ့သေးပါဘူးလို့ အာဏာပိုင်တွေဆိုပါတယ်။ အဲဒီလို ပိုင်ဆိုင်ခွင့် ချိုးဖောက်မှုရှိတယ်လို့ ပြောတာဟာ  သတင်းဆိုဒ်တွေမှာ ထိန်းချုပ်ခွင့်ဖို့ ကျိုးစားတာမျိုးလား ဒါမှမဟုတ် ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဗီတိုအာဏာ ပေးချင်တာမျိုးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီအခြေအနေက “ရီစရာကြီးပါ၊“   လို့ ပါလို့  Rappler ပြောပါတယ်။

Rappler သတင်းဌာဟာ ဒူတာတေးရဲ့ အမျက်ဒေါသနဲ့ မကြာခဏရင်ဆိုင်ရလေ့ရှိပြီး သတင်းမှား၊ သတင်းလိမ် တွေထွက်ပေါ်ရာ လို့ ဒူတာတေးက ပြီးခဲ့တဲ့ တစ်ပတ်ထဲက မှတ်ချက်ပြုခဲ့ပါတယ်။ 

“တချို့သတင်းသမားတွေကြောင့် သမ္မတစိတ်အနှောက်အယှက်ဖြစ်ရတာတွေရှိပါတယ်။ ဒါပေမယ့် သတင်းဌာန တွေကို ရပ်ပစ်ဖို့ဘာမှမလုပ်ခဲ့ပါဘူး၊ လွတ်လပ်စွာရေးသားခွင့်ကို ရပ်တန့်ပစ်ချင်ရင် သမ္မတအနေနဲ့ လုပ်ဆောင် လို့ရပါတယ်။ ဒါပေမယ့် သတင်းဌာနတွေကို ဆန့်ကျင်ပြီး ပြောတာလောက်ပဲ ရှိပါတယ်” လို့ သမ္မတ ဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Rappler ရဲ့သတင်းတစ်ပုဒ်က အင်တာနက်ကို လက်နက်လို အသုံးချပြီးဒူတာတေး လိုလားသူ ဘလော့ဂါတွေနဲ့ အနီးကပ် ဆက်ဆံမှုတွေရှိနေပါတယ်။ အဲဒီဘလော့ဂါတွေက အစိုးရကို မထောက်ခံတဲ့သူတွေ  အွန်လိုင်း ပေါ်ကနေ အမုန်းတရားပွားတာမျိုး နဲ့ အင်တာနက်တိုက်ခိုက်မှုတွေလုပ်ဆောင်ကြောင်း Rappler က စုံစမ်း ထောက်လှမ်းပြီး သတင်းရေးသား တင်ပြထားပါတယ်။ 

သမ္မတရုံးကတော့ ဘလော့ဂါတွေရဲ့လုပ်ဆောင်ချက်တွေဟာ သက်ဆိုင်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ဘာသာပြန် > မိုးမမ
ကိုးကား > ရိုက်တာ