တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

မန္တလေး  ဒီဇင်ဘာ ၈

 

ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ဇေယျသည်   ယမန်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၏   နည်းပညာ အထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့ရှိ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology - MIIT)သို့ ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ  ပညာသင် ယူလျက်ရှိသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ  တိုင်းကျိုးပြည်ပြု အိုင်တီနည်းပညာ ရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက်    ဒုတိယဝန်ကြီး သည်     အဖွဲ့လိုက်သုတေသန ဆောင်ရွက်လျက်ရှိကြသော ဆရာ များ၊ ကျောင်းသား များကို ကြည့်ရှုအားပေးကာ နိုင်ငံ့ဂုဏ်ရောင် ထွန်းပြောင်စေသည့်  အိုင်တီပညာ ရှင်များ  ဖြစ်စေရေး၊  သုတေသန ရလဒ်များကို  MSMEs  များတွင် အသုံးချနိုင်ရေးမှာကြားပြီး တာဝန်ရှိသူများအား  ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရန်  နောက်ဆုံးပေါ်   အိုင်တီနည်းပညာများကို လေ့လာကြရန်နှင့် ပြည်သူ့အကျိုးကို လက်တွေ့ကျကျ အထောက် အကူပြုမည့် သုတေသနများ ဆောင်ရွက်ကြရန် မှာကြားကာ မိုးလုံလေလုံအားကစားရုံ၌ ဘတ်စကက်ဘော ကစားနေသော ကျောင်းသားများကို     ကြည့်ရှု အားပေးသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မွန်မြတ်သော     အနန္တဂိုဏ်းဝင် ဆရာများအဖြစ်      ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မြင့်မား သော နိုင်ငံ့ ဝန်ထမ်းကောင်းများဖြစ်စေရေး လိုက်နာဆောင်ရွက်ရန်မှာကြားပြီး  အတွင်းအဆောင်နေ ကျောင်းသား ကျောင်းသူ များနှင့်    တွေ့ဆုံ၍    နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ အရည်အသွေး ပြည့်ဝသော    အိုင်တီပညာရှင် များအဖြစ် ပါဝင်နိုင်ရေး ရည်မှန်းဆောင်ရွက်ကြရန်၊   စာကောင်းပေမွန်များ ဖတ်ရှုရေး၊ အားကစား လှုပ်ရှားမှုများ   ဆောင်ရွက်ရေး မှာကြားပြီး  အခက်အခဲတင်ပြမှု များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက်    ဒုတိယဝန်ကြီး သည်   အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)သို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာနရှိ အလုပ်ရုံများ နှင့် ကျောင်းတွင်းအဆောင်များကို   ကြည့်ရှုစစ်ဆေးကာ  ပြည်သူ့အကျိုးပြု လူကောင်းလူတော် အိုင်တီနည်းပညာရှင်များဖြစ်စေရေး  ကြိုးပမ်းစွမ်းဆောင်ကြရန် မှာကြားကြောင်း  သိရသည်။

သတင်းစဉ်