တိုင်ဖွန်း မုန်တိုင်း ဖက်ဆိုင်အရှိန်ကြောင့် ဂျပန်နိုင်ငံ၌ လေယာဉ်ခရီးစဉ်ပေါင်း  ၂၀ဝ ကျော်ဖျက်သိမ်း

၉ စက်တင်ဘာ

 

တိုင်ဖွန်းမုန်တိုင်း ဖက်ဆိုင်အရှိန်ကြောင့် ယမန်နေ့မှ စတင်ပြီး  လေယာဉ်ခရီးစဉ် ပေါင်း ၂၀ဝကျော် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။ 

 

တနင်္ဂနွေနေ့မှစပြီး  တနင်္လာနေ့ မနက်ပိုင်းအထိ  တိုကျို ဟာနေဒါလေဆိပ်ကို ဆိုက်ရောက် ဒါမှမဟုတ် ထွက်ခွာဖို့ စီစဉ်ထားတဲ့ ဂျပန်လေကြောင်းလိုင်း၏  ပြည်တွင်းခရီးစဉ် အပါအဝင် ခရီးစဉ်ပေါင်း  ၉၆ ခု နှင့် ပြည်ပခရီးစဉ် နှစ်ခုတို့ကို  ဖျက်သိမ်းလိုက်ခဲ့သည်။  

 

All Nippon Airways လေကြောင်းလိုင်းမှ  ဟာနေဒါလေဆိပ်ကို ဆိုက်ရောက် သို့မဟုတ် ထွက်ခွာပျံသန်းမည့်  အခြားခရီးစဉ် ၂၂ခု ကိုလည်း ဖျက်သိမ်းခဲ့သည်ဟု ဆိုသည်။ 

 

လေယာဉ်ပေါ်တွင် လိုက်ပါမည့် ခရီးသည်များအား နောက်ဆုံးရ သတင်းများကို အွန်လိုင်းတွင် ဖတ်ရှုကြရန် တိုက်တွန်းလျက်ရှိသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်