တိုင်ဖွန်းမုန်တိုင်း မီတက်ဂ် အိုကီနာဝါကျွန်းသို့ တိုက်ခတ်

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

 

 

တိုင်ဖွန်းမုန်တိုင်း မီတက်သည်  ယနေ့နံနက် ၆ နာရီ အချိန်တွင် အိုကီနာဝါကျွန်းမြောက်ဘက် ယောင်နာဂီသို့ ကီလိုမီတာ ၂၉၀ နှုန်းဖြင့် ရွေ့လျားနေကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျင် ကီလိုမီတာ ၃၀ နှုန်းဖြင့် ရွေ့လျားနေသည်ဟု ဆိုသည်။

 

 

ယနေ့နံနက်ပိုင်းတွင် အိုကီနာဝါကျွန်းမှ ရှီကူရှင်းမားသို့ ဆက်လက်ရွေ့လျားလျက် ရှိသည်ဟု ဆိုသည်။

 

 

ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်က Ishigaki တွင် တစ်နာရီလျင် ၁၅၅ ကီလိုမီတာနှုန်းဖြင့် လေတိုက်နှုန်း ပြင်းထန်ခဲ့ကြောင်း လေ့လာသူများက ဆိုသည်။

 

 

အဆိုပါ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့တွင် မြောက်ဘက်သို့ ရွေ့လျားမည်ဟု မျှော်လင့်ရသည်။

 

 

အဆိုပါ တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အတွင်း ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ကျူရှူးကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းဖြစ်ပေါ်နိုင်သည်။

 

 

အဆိုပါ မုန်တိုင်းကြောင့်ဆက်သွယ်ရေး အခြေအနေများ ပြတ်တောက်လျက်ရှိပြီး Ishigaki လေဆိပ်တွင်  ခရီးစဉ်ပေါင်း တစ်ဒါဇင်ကျော်ကို ဖျက်သိမ်းခဲ့ရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်