တိုင်ဖွန်းမုန်တိုင်းကြောင့် အိမ်ထောင်စု ၃၄၀ဝ၀ဝ ခန့် လျှပ်စစ်မီး မရရှိသေး

၁၂ စက်တင်ဘာ

တိုင်ဖွန်းမုန်တိုင်း ဖက်ဆိုင်တိုက်ခတ်ပြီးနောက် တိုကျိုမြို့အနီး ချီပါစီရင်စုတွင် အိမ်ထောင်စုပေါင်း ၃၄၀ဝ၀ဝမှာ ယခုအချိန်ထိ လျှပ်စစ်မီးများ မရရှိသေးပေ။


အဆိုပါ စီရင်စုများအတွင်း သောကြာနေ့မှစတင်ပြီး  လျှပ်စစ်မီးများ အပြည့်အဝပြန်လည်ပေးနိုင်မည်ဖြစ်သည်။


ပြိုလဲသွားသော ဓာတ်တိုင်များကို အစားထိုးလဲလှယ်မှုများကို အလုပ်သမားများနှင့် ပြုလုပ်လျက်ရှိသည်။


အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးမှာ အသက်ရှုကျပ်သည့်ရောဂါကြောင့် ဆေးရုံသို ပို့ဆောင်ခဲ့ရသည်။ ဖုန်းများအချက်ပြမီး မရရှိခြင်းကြောင့် ပြည်သူများမှာ အခက်အခဲ ဖြစ်လျက်ရှိသည်ဟု ဆိုသည်၊ မြို့တော် ကီမက်ဆုမြို့တော်၏ အခြေအနေကို မြို့တော်ဝန်က ဖော်ပြထားသည်။


၄င်းတို့အတွက် အရေးပေါ်အခြေအနေဖြစ်ကြောင်း ၄င်းက ပြောကြားသည်။


လျှပ်စစ်မီးများ ပြတ်တောက်ပြီး လေအေးပေးစက်များ  မရရှိခြင်းကြောင့် ရာသီဉတုများမှာ ပိုမို ပူပြင်းလျက်ရှိသည်။


ချီပါစီရင်စုအတွင်းတွင်လည်း အပူလျှပ်ခြင်းကြောင့် လူနှစ်ဉီး သေဆုံးခဲ့သည်။


ချိုးရေ နှင့် သောက်သုံးရေရရှိရန်အတွက် ပြည်သူများမှာ တန်းစီစောင့်ဆိုင်းလျက်ရှိသည်ဟု ဆိုသည်။


နေရာအများအပြားတွင် ထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်