တိုင်းရင်းဆေး အခြောက်ခံရာတွင် အသုံးပြုနိုင်မည့် အစာစိမ်းသုံး Gasifier ကို တီထွင် ထုတ်လုပ်

ရန်ကုန် မေ ၂၉
 
စပါးခွံလောင်စာသုံးGasifier များ ပြည်တွင်းတွင် များပြားလာပြီးနောက် အစာစိမ်းသုံး Gasifier ကို ယခင်က Gasifier ထုတ်လုပ်မှုများအတွက် နာမည်ရှိသူ ပြည်တွင်းလုပ်ငန်းရှင် ဦးကိုဦးက တိုင်းရင်းဆေး အခြောက်ခံရာတွင် အသုံးပြုရန် တီထွင် ထုတ်လုပ်ထားကြောင်း သိရသည်။

၎င်းထပ်မံတီထွင်လိုက်သည့်အစာစိမ်းသုံးGasifier မှာ ယခင်တီထွင်ခဲ့သည့် Gasifier အမျိုးအစားနှင့် မတူညီ ဘဲထင်း၊ ထင်းခွဲစ၊ သစ်ခွဲစ၊ စပါးခွံလောင်စာတောင့်ကို အသုံးပြုနိုင်ကာ ထူးခြားချက်အနေဖြင့် မီးသွေး မဖြစ်မီ လောင်ကျွမ်းနိုင်သော လောင်စာကို အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

"စပါးခွံနဲ့အသုံးပြုတဲ့ Gasifierက တော့ တီထွင်တာလည်း များလာကြပြီ။ အစာစိမ်းတွေကနေ အခုလိုမျိုး Gasifier သေးသေးလေးနဲ့ လုပ်ထားတာတော့မရှိသေးဘူး။ ဒီဟာက ပထမဆုံးအနေနဲ့လုပ်ဖြစ်တာပေါ့။အခု ထပ်ပြီးတော့ တီထွင်လိုက်တဲ့ Gasifier ကတော့ အရင်တီထွင်ထားတဲ့ Gasifier မျိုးနဲ့မတူတဲ့ ထင်းတို့ ထင်းခွဲစတို့ စပါးခွံလောင်စာတောင့် တွေချွေပြီး မီးသွေးမဖြစ်သေးခင် လောင်ကျွမ်းနိုင်မယ့်လောင်စာတွေထည့်ပြီးသုံးလိုရတဲ့ Gasifier ပေါ့။ ဒီလို ပထမဆုံး အစာစိမ်းသုံးတဲ့ Gasifier အငယ်ဆုံးလေးကို ပထမဆုံးအနေနဲ့ တီထွင်ဖြစ်တာပါ။သူက ထင်တို့ဘာတို့ဆိုရင်လည်း အတုံးအသေးလေးတွေ ထည့်ပြီးသုံးလိုရပါတယ်။ အစာစိမ်းဆိုပေမယ့် စိုစွတ်နေတာတွေတော့ ထည့်သုံးလိုတော့မရဘူး၊ ထင်းဆိုရင်လည်း ထင်းအခြောက်၊ သစ်သားတုံးလေးတွေ အစရှိတဲ့ လောင်စာတွေ ထည့်သုံးလိုရတာပေါ့"ဟု ဦးကိုဦးကပြောကြားသည်။

လျှပ်စစ် ထုတ်လုပ်မှု ၁၀ကီလိုဝပ်အတွက် ထည့်သွင်းရမည့် လောင်စာပမာဏမှာ အနည်းဆုံး တစ်ပိဿာဖြစ်ကာ အင်ဂျင်ပါဝါ အပေါ်မူတည်၍ ကုန်ကျမှုပိုများကာ ဝယ်သူ၏ မှာယူမှု အရွယ်အစားအပေါ် မူတည်ကာ စျေးနှုန်းညှိနှိုင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း ၎င်းကဆိုသည်။

MT