တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ အရည်အသွေးထိန်းသိမ်းခြင်း၊ တည်မြဲမှုနှင့် သက်တမ်း၊ ဆေးအညွှန်းဖော်ပြခြင်း ဆိုင်ရာသတ်မှတ်ချက်များအားလေ့လာခြင်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဇွန် ၆

တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ အရည်အသွေးထိန်းသိမ်းခြင်း၊ တည်မြဲမှုနှင့် သက်တမ်း၊  ဆေးအညွှန်းဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များအား လေ့လာခြင်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းဆေးပညာဉီးစီးဌာန အမျိုးသားပရဆေးဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးပညာရှင်များနှင့်နှီးနွယ် ဌာနများမှ ပညာရှင်များ၏ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းရင်းဆေးပညာဉီးစီးဌာန(ရုံးချုပ်)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးဝါးစက်ရုံမှဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဉီးစီးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်(၆)ခုမှပုဂ္ဂလိက တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များစသည့် အဖွဲ့အစည်းများမှ  စုစုပေါင်း သင်တန်းသား(၄၀) တက်ရောက်ကြကာ  သင်တန်းကာလမှာ ဇွန် ၆ ရက်မှ ၉ ရက်ထိကြာ မြင့်မည်ဖြစ်သည်။

သတင်းစဉ်