တိုင်းရင်းသားအားလုံး စုပေါင်း ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်မှစ၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်စဉ်းစား  ဆောင်ရွက်ကြရမည်

နေပြည်တော်     မေ     ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

တက်ရောက်

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ကရင် အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)   KNU/KNLA(PC)ဥက္ကဋ္ဌနှင့်အတူ    ဒုတိယဥက္ကဋ္ဌ    နော်ကပေါ်ထူးနှင့်                ဗဟိုကော်မတီဝင် စောမောင်မောင်တို့ တက်ရောက်ကြသည်။

ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်း၌ တိုင်းရင်းသား လူမျိုးတစ်ခုတည်းသာ   သီးသန့်     နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ      အတူတကွ ပေါင်းစည်းနေထိုင်သည့်  ပြည်ထောင်စု နိုင်ငံဖြစ်သည့်အတွက်   ပြည်ထောင်စု အကျိုးကိုကြည့်၍  ဆောင်ရွက်သွားကြ မည့်အခြေအနေ၊   ငြိမ်းချမ်းရေးရရှိမှ သာလျှင်  နိုင်ငံတည်ဆောက်ရေး(State Building)၊  တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို  ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိ တိုင်းရင်းသား၊  မိမိပြည်နယ်နှင့်  မိမိ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် စဉ်းစားဆောင်ရွက်ရန်  လိုသည့်အခြေ အနေ၊ ဒီမိုကရေစီစနစ်ကို  ဖော်ဆောင်ရာ တွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သည့်   လူသားအရင်းအမြစ်များပေါ် ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး  တိုင်းရင်းသားဒေသများပါ မကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ ပြည်သူလူထု ဆန္ဒနှင့် ကိုက်ညီသည့်  ပါတီစုံဒီမိုကရေစီ စနစ်   ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့်     ပြည်ထောင်စုစနစ်              တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  ရှင်းလင်းဆွေးနွေးပြောကြား သည်။ 

ထို့နောက်  ကရင်အမျိုးသားအစည်း အရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်   (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်   ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍   သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို  တင်ပြ သည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊   ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍    နှစ်ဖက် အမြင်များကို  ရင်းနှီးပွင့်လင်းစွာ  အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသား အစည်းအရုံး၊        ကရင်အမျိုးသား            လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်း ရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး  စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ    ကရင်အမျိုးသားအစည်း အရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်  (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌ  ဦးဆောင်သည့် အဖွဲ့သည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီ ဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့၊   အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
               

သတင်းစဉ်