တိုကျို ဇူလိုင် ၇
တိုယိုတာမော်တော်ကားကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စုတောင်ပိုင်း တက္ကဆက်ပြည်နယ်၌ ကားထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းမှာ အမေရိကန်ပြည်ထောင်စုတွင် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် တိုယိုတာမော်တော်ကားကုမ္ပဏီ၏ စီမံကိန်းမှ နောက်ဆုံးပေါ်ထွက်လာသော လုပ်ဆောင်မှုဖြစ်သည်။ မြောက်အမေရိကတွင်ရှိသည့် တိုယိုတာမော်တော်ကားကုမ္ပဏီသည် တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့၌ ပစ်ကပ်ထရပ်ကားအသစ်ထုတ်လုပ်မည့် တပ်ဆင်ရေး လိုင်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ကျော်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


