တက္ကသိုလ်ဘွဲ့ရများ အလုပ်အကိုင်ရရှိရေး

၁ စက်တင်ဘာ

အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်တို့သည် ၂၃-၈-၂၀၁၉တွင်   တွေ့ဆုံ၍   University Industry Engagement တက္ကသိုလ်နှင့်  အလုပ်အကိုင်ဆက်စပ်ပတ်သက်မှု      ဆွေးနွေးပွဲ  ပြုလုပ်ခဲ့ပါသည်။      UMFCCI  အကြံပေးပုဂ္ဂိုလ်  ဒေါက်တာ အောင်ထွန်းသက်က စီးပွားရေးပညာ၌   ဝယ်လိုအား၊  ရောင်းလိုအား၊    လိုအပ်ချက်ဖြည့်ဆည်းမှုနည်းလမ်း(Demand ၊ Supply ၊ Mechanism)    အရ  တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများက ဘွဲ့၊ ဒီပလိုမာ လက်မှတ်ရများ  မွေးထုတ်ပေးတာနှင့်    အလုပ်ခွင်လိုအပ်ချက်သည်    ရာနှုန်းပြည့်နီးပါး    ကိုက်ညီနေရန်လိုအပ်သည်ဟု ဆိုပါသည်။ 

 

1

 

သို့မဟုတ်ပါက လွဲချော်မှု၊ ကွာဟချက်များပြားစွာဖြင့်  “ခုတ်ရာတခြား၊  ရှရာတလွဲ” (Mismatching) ဖြစ်နေမည်ဖြစ်ကြောင်း   ဆွေးနွေး ခဲ့ပါသည်။

 

2


တချို့အလုပ်အကိုင်များတွင်မွေးထုတ်ပေးမှုများပြီး ဘာသာရပ်နှင့်   ကိုက်ညီမှုမရှိသဖြငီ့်နာညေိ နည်းကာ ဘွဲ့ရအလုပ်လက်မဲ့ အများကြီးဖြစ်နေပါသည်။ တချို့  အလုပ်အကိုင်နေရာများတွင်  Demand  က များပြီး    မွေးထုတ်ပေးလိုက်သော    Supply နည်းပါးနေ၍  ကုမ္ပဏီ၊  စက်မှုလုပ်ငန်းများတွင်  လိုအပ်သည့်ဝန်ထမ်းမရှိ ခြင်း၊  ဝန်ထမ်းအသစ်ခန့်ပါကလည်း ရရှိခဲ့သည့် ဘွဲ့၊ ပညာရပ်နှင့် မတူညီသဖြင့် သင်တန်းများ ပြန်လည်ပေးနေရသည်မှာ အချိန်နှင့်ငွေ  အလွန်ကုန် လျက်ရှိကြောင်း  ဆွေးနွေးခဲ့ကြပါသည်။  

အလုပ်အကိုင်ရရှိမှုကို စင်ကာပူနိုင်ငံရှိ  နန်ယန်းနည်းပညာတက္ကသိုလ်က   စနစ်တကျသုတေသနပြု တင်ပြထားပါသည်။

နိုင်ငံတော် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးမှုမြှင့်တင်ရေးအစီအစဉ်အရ ဘာသာရပ်များသင်ကြား၊   သင်ယူရာ တွင်  ယခု  ရေတွင်းတူး၊  ယခုရေကြည်သောက်၍  မရ၊  စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်  လိုအပ်သည့် ဘာသာရပ်များ အချိန်ယူ၍ နောင်ငါးနှစ်၊ ၁၀ နှစ်စသည်ဖြင့်  မြန်မာနိုင်ငံ  တက္ကသိုလ်များတွင် သင်ယူမည်ဆိုပါက သင်ကြားပေးမည့်    မြန်မာနိုင်ငံသား    တက္ကသိုလ်ဆရာ၊  ဆရာမများကို  နိုင်ငံခြားတိုင်းပြည်များသို့ မဟာသိပ္ပံ၊ ပါရဂူဘွဲ့စေလွှတ်ရာတွင် နှစ်နှစ်မှ  သုံးနှစ်ခန့်  အချိန်ယူရပါမည်။    

နိုင်ငံခြား အထောက်အပံ့ စီမံကိန်းများရရှိပါက  နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်၊        ပါမောက္ခများ      မြန်မာနိုင်ငံသို့လာရောက်သင်ကြားပို့ချပေးသည့် ပုံစံများလည်း   ပြုလုပ်နိုင်ပါသည်။      ပထမဦးဆုံးပြုလုပ်ရမည့်   သုတေသနမှာ   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက်    ချက်ချင်းလက်ငင်း၊            ရေတိုအထောက်အကူပြုနိုင်သော ဘာသာရပ်များကို ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ်ဖော်ထုတ်ရပါမည်။      ဥပမာ   ထိုဘာသာရပ်များထဲကမှ က္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဘွဲ့ဒီဂရီပေးနေသော တက္ကသိုလ်၊ ကောလိပ်အချို့  မြန်မာနိုင်ငံတွင် ရှိနေပါသည်

ကျွန်တော်ဆိုလိုသည်မှာ     ခရီးသွားလုပ်ငန်းသည်မီးခိုးမထွက်ဘဲ တိုင်းပြည်ဝင်ငွေရသော အရေးကြီးသည် လုပ်ငန်းတစ်ခုဖြစ်သဖြင့်   လက်ရှိ ပို့ချပေးနေသော တက္ကသိုလ်နှင့်  ဘာသာရပ်များတွင်သာမက       အခြား တိုးချဲ့  သင်ကြားပေးနိုင်သည့်              ဘာသာရပ်များကိုတက္ကသိုလ်၊  ကောလိပ်တစ်ခု၊ နှစ်ခုသာမက တက္ကသိုလ်များ၌     ဘာသာရပ်အသစ်များ တိုးချဲ့သင်ကြား၊ ပို့ချ၊ သုတေသနပြုပေးမည်ဆိုလျှင် ထိုဘွဲ့ရများ၏    အလုပ်အကိုင်ရရှိမှုလည်း ပိုမိုမြင့်မားလာနိုင်ပါသည်။

ကျွန်တော်တို့အဖွဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့(Chiang Mai)တက္ကသိုလ်များ      လေ့လာရေးခရီးနှင့်  အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန်လတွင် တက်ရောက်ခဲ့ရာ  ချင်းမိုင်လေဆိပ်  ရောက်ရှိကတည်းက  လေဆိပ်သည်ရန်ကုန်လေဆိပ်ထက်  သေးငယ်သည်ထင်ရသော်လည်း လေယာဉ်အဝင်-အထွက်မှာ ရန်ကုန် လေဆိပ်ထက် နှစ်ဆမှ သုံးဆခန့်များပြားနေပါသည်။    စာရင်းဇယားများအရ မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်   ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၃ ဒသမ ၅၈ သန်း ရှိပါသည်။ ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌  ကမ္ဘာလှည့်ခရီးသွားပေါင်း    ၄၁  ဒသမ  ၁  သန်း  ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ချင်းမိုင်ဝင်ပေါက် တစ်ခုတည်းကပင်လျှင်  ခရီးသွားဦးရေ ၁၀  သန်းကျော်ဝင်နေ သည်ကို တွေ့ရပါသည်။

ချင်းမိုင်တက္ကသိုလ်(Chiang Mai University) ရှိ  လူမှုဘာသာရပ်များ  မဟာဌာနအောက်တွင်  ခရီး သွားလုပ်ငန်းဌာနနှင့် မေဂျိုတက္ကသိုလ်ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အဆင့်မြင့်ကျောင်းတို့မှ ခရီးသွားလုပ်ငန်း ဘာသာ ရပ်ကို  သင်ကြားပို့ချလျက်ရှိပြီး ဘွဲ့ကြို၊  ဘွဲ့လွန်(မဟာဘွဲ့၊ ပါရဂူဘွဲ့)များ ဖွင့်လှစ်ကာ နိုင်ငံ့ဝင်ငွေများစွာရရှိအောင်ဤခရီးသွားလုပ်ငန်းဘွဲ့ရများက ဆောင်ရွက် နေပါသည်။  ထိုင်းနိုင်ငံ  အခြားဒေသများရှိ  တက္ကသိုလ်များမှ ဖွင့်လှစ်ထားသော Tourism Departments များ မပါဝင်သေးပါ။

ခရီးသွားလုပ်ငန်းသည်  ကမ္ဘာ့အမြန်ဆုံး  တိုးတက် အောင်မြင်သည့် အကြွင်းမဲ့လုပ်ငန်း ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံး အလုပ်အကိုင် အရေအတွက် သန်း ၂၇၀ အလုပ်ပေးနိုင်ပြီး ထိုင်းနိုင်ငံတစ်ခုတည်းတွင်ပင် အလုပ်အကိုင် ပေါင်း/လူဦးရေ ခြောက်သန်း လုပ်ကိုင်နေပါသည်။  ကျွန်တော်တို့နိုင်ငံတွင်လည်း      ကမ္ဘာလှည့်ခရီးသွားအရေအတွက်  တိုးတက်အောင် ဘက်ပေါင်းစုံမှဆောင်ရွက်ပေးနိုင်ပါက ဤကဏ္ဍမှ အလုပ်အကိုင်ရရှိမှုအရေအတွက်        များစွာ  တိုးတက်လာနိုင်ပါသည်။ ကျွန်တော်တို့ နိုင်ငံအတွင်းရှိ   တက္ကသိုလ်များတွင်လည်း ခရီးသွားနှင့်   ဆက်နွှယ်သော  ဘာသာရပ်အမျိုးမျိုး ဖြစ်သည့်  အောက်ပါဘွဲ့ကြို၊ မဟာ၊ ပါရဂူဘွဲ့သင်တန်း များကို ဖွင့်လှစ်နိုင်ပါသည်။

1.BA(Travel and Tourism Management)
2.BA(Hospitality,    Travel   and Tourism Management)
3.B.Sc.(Travel and Tourism Management)
4.BA(Hospitality   and     Travel Management)
5.BBA(Travel and Tourism Management)
6.BBA(Hospitality    and   Travel Management)
7.BBA(Air Travel Management)

သာမန်       ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပြင်  ယဉ်ကျေးမှုဆိုင်ရာ   ခရီးသွားလုပ်ငန်း  ဂေဟဗေဒ၊  ပတ်ဝန်းကျင်၊  စိုက်ပျိုးရေးနှင့် ဆိုင်သော ခရီးသွားလုပ်ငန်း စသည်တို့ပါ  တွဲဖက်လုပ်ဆောင်နိုင်ပါမည်။  ချင်းမိုင်ရှိတက္ကသိုလ်များတွင်  ဤကဲ့သို့  လက်တွေ့ ကျင့်သုံးနေပြီး တက္ကသိုလ်အတွ တစ်ဖက်တစ်လမ်းမှ  ဝင်ငွေရှာပေးနေသည်ကို  လက်တွေ့ကျကျ  တွေ့ခဲ့ရ ပါသည်။

လက်တွေ့ဘဝတွင် အသုံးချနိုင်

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ မြန်မာနိုင်ငံတွင်  အစားအသောက်များ    ဖွံ့ဖြိုးတိုးတက်ရေး၊   အစားအသောက်ဆိုင်ရာ  သိပ္ပံနှင့် နည်းပညာသင်တန်း ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ     ထပ်မံဖွင့်လှစ်နိုင်ပါသည်။ ဥပမာ   နွားနို့၊ စပျစ်သီး၊  သစ်သီးများ  ဈေးချိုစွာ  ရရှိနိုင်သော်လည်း  ထုပ်ပိုးမှုနည်းပညာ အားနည်းနေမှုကြောင့်  ဩစတြေးလျ၊  နယူးဇီလန်၊  ထိုင်း၊  တရုတ်နိုင်ငံတို့မှလာသော နွားနို့၊ နို့မှုန့်၊ ထောပတ်၊  ဒိန်ခဲများ ဈေးကြီးပေးကာ ဝယ်စားနေရခြင်း၊   စပျစ်ဝိုင်ထုတ်လုပ်နည်းပညာဘွဲ့ ၊  ဒီဂရီမသင်ပေးနိုင်သေး၍  တွင်ကျယ်စွာ မထုတ်လုပ်နိုင်သေးဘဲ  နိုင်ငံခြားဖြစ်ဝိုင်  စသည်တို့    ဈေးကြီးပေး၍သုံးစွဲနေရခြင်း (ခြွင်းချက်-တောင်ကြီး၊ အေးသာယာတွင် ဝိုင်ကို စမ်းသပ်ထုတ်လုပ်နေပါပြီ)၊  နိုင်ငံခြားမှ မှာယူတင်သွင်းထားသော  ထုပ်ပိုးမှုနည်းပညာမြင့်လိမ္မော်၊  ပန်းသီး  စသည့်  သစ်သီးဖျော်ရည်များအား  ဈေးကြီးပေးကာ  ဝယ်နေရသည်ကို  လက်တွေ့မြင်နေရပါသည်။  နို့နှင့် နို့ထွက်ပစ္စည်း  သိပ္ပံ၊ အသားထုတ်လုပ်မှု နည်းပညာ(သို့) သိပ္ပံ စသည့် အသုံးချသိပ္ပံဘာသာရပ်များစွာကို  သင်ယူ၊   သုတေသနပြုကာ လက်တွေ့ဘဝတွင်  အသုံးချနိုင်ပါသေးသည်။

သို့ဖြစ်ပါ၍ လက်ရှိတက္ကသိုလ်များတွင် ယနေ့ လက်တွေ့ဘဝနှင့် အံမဝင်တော့သည့်  ဘာသာရပ်များ၊  ဘွဲ့ကြိုသင်တန်းများ  အရေအတွက်လျှော့ခေါ်ယူ၍      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူဖြစ်စေနိုင်သော  ဘာသာရပ်များ  သင်ကြား၊  သုတေသနပြုကာ  (ဘွဲ့ကြို၊ မဟာ၊ ပါရဂူ)ဘွဲ့ရများ  မွေးထုတ်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်ကြီး အေးချမ်း သာယာဖွံ့ဖြိုးလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ဒေါက်တာမျိုးကြွယ်(ဆင်ပေါင်ဝဲ)