တက္ကသိုလ်များပုသိမ်ဇုံအမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ပုသိမ် ၁ သြဂုတ်

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ကောလိပ်ပေါင်းစုံ ( ပုသိမ်ဇုန်  )အမျိုးသား အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင်ဆုပေးပွဲကို ဇူလိုင် ၃၁ ရက် ညနေပိုင်းက ပုသိမ်မြို့ကျောက်တိုင် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

1147

 

ဗိုလ်လုပွဲအဖြစ် အမျိုးသားပြိုင်ပွဲတွင် ဟင်္သာတတက္ကသိုလ်နှင့် ပုသိမ်တက္ကသိုလ်တို့ယှဉ်ပြိုင်ကစားကြရာ ဟင်္သတ တက္ကသိုလ်အသင်းကအနိုင်ရရှိခဲ့သည်။ 

 

1229

 

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော  ဟင်္သာတအသင်း၊ ပုသိမ်အသင်းနှင့် မအူပင်တက္ကသိုလ်အသင်းတို့အားလည်းကောင်း၊  အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော ပုသိမ်အသင်း၊ ဟင်္သာတအသင်းနှင့် မအူပင်တက္ကသိုလ် အသင်းတို့အားလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရ အမျိုးသား/သမီးများကို တခွန်စိုက်ဆု၊ တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

အဆိုပါ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချ ုပ်နှင့်တာဝန်ရရှိသူများ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ အားကစားပရိတ်သတ်များ ကြည်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)