တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး  လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံအားပေး

ကျောင်းကုန်း ၁ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဝက်ချောင်းအုပ်စု၊ ဝက်ချောင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်  ကျောင်းသား/ကျောင်းသူ ၃၂ ဦးအား လာရောက် တွေ့ဆုံ၍ အောင်ချက်မြင့်မားရေး တွေ့ဆုံအားပေးခဲ့ကြသည်။

 

အဆိုပါ အထက ဝက်ချောင်းကျောင်းသည် အခြေခံပညာ အထက်တန်းကျောင်းများ ထဲတွင် (၂)နှစ်ဆက်တိုက် ရာခိုင်နှူန်း အများဆုံးရရှိထားသော ကျောင်းဖြစ်ပြီး၊ ယခုနှစ်တွင်လည်း ရာခိုင်နှုန်း ကောင်းစေရန် ကြိုးစားကြဖို့ လိုကြောင်း၊ မနှစ်က အောင်ချက်ရာခိုင်နှုန်းကို ပြည့်မီရန် အားပေးစကား ပြောကြားခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ အားပေးခဲ့ကြကြောင်း သိရသည်။


 
ဝင်းကြိုင်(ပြန်/ဆက်)