တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ရွေ့လျားအမှတ်စာရင်းထုတ်ပေးရေးအဖွဲ့က ဖလမ်းမြို့၌ ကွင်းဆင်း၍ ထုတ်ပေးလျက်ရှိ

ဖလမ်း  ၂၄ ဇွန်    

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သူများ၏ အောင်မြင်/ကျဆုံး အမှတ်စာရင်းများကို ဖလမ်းမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ဇွန်၂၄ ရက် နံနက်ပိုင်းက စပြီးထုတ်ပေးလျက်ရှိသည်။

 

အမှတ်စာရင်းများ ထုတ်ပေးရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းသာမက ၂၀ဝ၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြေဆိုခဲ့သည့် အမှတ်စာရင်းများကိုလည်း တစ်စောင်လျှင် ငွေကျပ်  ၄၀ဝ နှုန်းဖြင့် ထုတ်ပေးလျက်ရှိသည်။

 

အဆိုပါအမှတ်စာရင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအန့်မောင် ဦးဆောင်သောရွေ့လျား အမှတ်စာရင်းထုတ်ပေးရေးအဖွဲ့ (Mobile Team)က ဖလမ်းမြို့၌ လာရောက်၍ အမှတ်စာရင်းများ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ဂျွန်