တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့(အင်္ဂလိပ်စာ)ဖြေဆိုသူ မွန်ပြည်နယ်၌ (၂၈၈၁၂) ဦးရှိ

မော်လမြိုင်    ၇  မတ်    


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့တွင် ဖြေဆိုရာ မွန်ပြည်နယ်မှ အင်္ဂလိပ်စာဖြေဆိုသူ ၂၈၈၁၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ် စာစစ်ဌာန(၆၂)ခု၌ စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃၀၅၇၉  ဦးရှိရာ ယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၈၁၂ ဦး (၉၄ ဒသမ ၂၂ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ပျက်ကွက်သူ စုစုပေါင်း (၁၇၆၇)ဦး (၅ ဒသမ ၇၈ ရာခိုင်နှုန်း) ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


ခရိုင်(ပြန်/ဆက်)