တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို

နေပြည်တော်  ၁၅   မတ် 


၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့အဖြစ်  သမိုင်း ဘာသာရပ်ကို ယနေ့ဖြေဆိုကြသည်။ 


မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာန များတွင် သမိုင်းဘာသာရပ်ဖြေဆိုရန် စာရင်းရှိ ကျောင်းသားကျောင်းသူ (၁၃၄၈၉၉) တွင် ဖြေဆိုသူ (၁၂၄၈၂၇)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၁၀ဝ၇၂)ဦးဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း( ၉၂ ဒသမ ၅၃)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)