တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ပျက်ကွက်သူ ၅၄၀ဝ ကျော် မန္တလေးတိုင်းမှာရှိ

မန္တလေး ၇ မတ်

 

မန္တလေးတိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာဘာသာရပ်တွင် ဖြေဆိုရန် ပျက်ကွက်သူ ၅၄၀ဝ ကျော်ရှိကြောင်း မန္တလေးတိုင်း ပညာရေးမှူးမှ သိရသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ၁၁၆၈၁၉ ရှိပြီး ဖြေဆိုသူ ၁၁၁၃၉၇ လာရောက်ဖြေဆိုခဲ့ပြီး ၅၄၂၂ ဦး ပျက်ကွက်ခဲ့သည်။ မန္တလေးခရိုင်တွင် ၁၇၈၈ ဦး၊ ပြင်ဦးလွင်ခရိုင်တွင် ၈၇၄ ဦး ၊ ကျောက်ဆည်ခရိုင်တွင် ၄၈၈ ဦး၊ မြင်းခြံခရိုင်တွင် ၇၃၂ ဦး၊ ညောင်ဦးခရိုင်တွင် ၄၁၀ ဦး၊ မိတ္ထီလာခရိုင်တွင် ၇၆၄ ဦး၊ ရမည်းသင်းခရိုင်တွင် ၃၆၆ ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

 

၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၉၉၈၄၃ ဦး ရှိခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်